ကော်တင်ဟိုအား ပြန်လည်ခေါ်ယူရန် လီဗာပူးလ်အသင်းကို ဖီးလ်သွန်မဆင် တိုက်တွန်း 

ကော်တင်ဟိုအား ပြန်လည်ခေါ်ယူရန် လီဗာပူးလ်အသင်းကို ဖီးလ်သွန်မဆင် တိုက်တွန်း 
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 15 April 2020

လီဗာပူးလ်ဂန္ထဝင် ဖီးလ်သွန်မဆင်က ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုအား ပြန်လည်ခေါ်ယူရန် လီဗာပူးလ်အသင်းကို တိုက်တွန်းခဲ့သည်။ 

လီဗာပူးလ်ဂန္ထဝင် ဖီးလ်သွန်မဆင်က ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုအား ပြန်လည်ခေါ်ယူရန် လီဗာပူးလ်အသင်းကို တိုက်တွန်းခဲ့သည်။ 

အသက် (၂၇) နှစ်အရွယ်ရှိ ကော်တင်ဟိုသည် ၂၀၁၈ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် လီဗာပူးလ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပေါင် (၁၄၂)သန်း (ဆုကြေးများကို ထည့်တွက်ထားခြင်းဖြစ်) ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

သို့သော် ကော်တင်ဟိုသည် ဘာစီလိုနာအသင်းတွင် ရုန်းကန်ခဲ့ရပြီး (၂)ရာသီခွဲအတွင်း ပြိုင်ပွဲစုံ (၇၆)ပွဲတွင် (၂၁) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၁) ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ 

ဘာစီလိုနာအသင်းသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ကော်တင်ဟိုအား ဘိုင်ယန်မြူးနစ်အသင်းထံသို့ တစ်ရာသီအငှားချခဲ့ပြီး ၎င်းကို အပြီးသတ်ရောင်းချရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ 

ဖီးလ်သွန်မဆင်က လီဗာပူးလ်အသင်းအနေဖြင့် ကော်တင်ဟိုကဲ့သို့ ကွင်းလယ်ဖန်တီးရှင်ကစားသမားတစ်ဦး လိုအပ်နေပြီး ၎င်းကို ပြန်လည်ခေါ်ယူသင့်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဖီးလ်သွန်မဆင်က "လီဗာပူးလ်အသင်းက ဖန်တီးမှုကောင်းမွန်တဲ့ ကွင်းလယ်ကစားသမားတစ်ဦးကို ရှာဖွေနေတာပါ။ ဒါဆို သူတို့ ဘာလို့ ကော်တင်ဟိုကို ပြန်မခေါ်ရတာလဲ။ ကျွန်တော်ဆိုရင်တော့ ကော်တင်ဟိုကို ပြန်ခေါ်မှာပါ။ သူက ပါရမီရှင်ကွင်းလယ်ဖန်တီးရှင်တစ်ဦးလို့ ကျွန်တော် မြင်တယ်။ ပြီးတော့ လီဗာပူးလ်အသင်းမှာ ကော်တင်ဟို လုပ်ပြခဲ့တာတွေက အရမ်းကို ကောင်းမွန်ပါတယ်။ အသက်ကလည်း သိပ်မကြီးသေးပါဘူး။ ကျွန်တော်ကတော့ လီဗာပူးလ်အသင်းကို သူ ပြန်လာမယ်လို့ ထင်တယ်။ သူ ပြန်လာမယ်ဆိုရင် လီဗာပူးလ်တိုက်စစ်က ပိုပြီးဟန်ချက်ညီသွားမှာပါ"ဟု Sky Sports သို့ ပြောကြားခဲ့သည်။ 

ကော်တင်ဟိုသည် လီဗာပူးလ်အသင်းတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၂၀၁)ပွဲတွင် (၅၄)ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု (၄၅) ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ 

 

Most Read

Most Recent