ဘာစီလိုနာအသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု ၀ါရင့်ကွင်းလယ်လူ ရာကီတစ် အရိပ်အမြွက်ဖွင့်ဟ

ဘာစီလိုနာအသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု ၀ါရင့်ကွင်းလယ်လူ ရာကီတစ် အရိပ်အမြွက်ဖွင့်ဟ
Published 14 April 2020

ဘာစီလိုနာအသင်းမှ ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်က အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု အရိပ်အမြွက်ဖွင့်ဟခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအခြေစိုက် အားကစားသတင်းစာ Mundo Deportivo နှင့်တွေ့ဆုံမှုတွင် ရာသီကစ်က သူ၏အနာဂတ်အကြောင်း ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

'' ကျွန်တော်က အနာဂတ်ကို ဆုံးဖြတ်ရမယ့်တစ်ဦးတည်းသောသူပါ။ ကျွန်တော့်မိသားစုလည်း ပျော်ရွှင်ပြီး ကျွန်တော့်ကို ချစ်ခင်လေးစားတဲ့ ကလပ်အသင်းတစ်သင်းအတွက် ကစားလိုပါတယ်။ ကျွန်တော် အမြဲတမ်းပြောခဲ့ပါတယ်။ ဘာကာဟာ ကျွန်တော့်အတွက် နေရာကောင်းတစ်ခုပါ။ ကျွန်တော်လိုချင်တဲ့ ပျော်ရွှင်မှုတွေ ရခဲ့သလို၊ အသင်းကိုလည်း ကူညီနိုင်ခဲ့ပါတယ်။ ဘောလုံးရာသီပထမပိုင်းကတော့ အရမ်းထူးဆန်းတဲ့အရာတစ်ခုပါ။ ကျွန်တော့်အတွက် အံ့အားသင့်စရာကောင်းပြီး အနှုတ်လက္ခဏာဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အဲဒီအရာတွေကနေ သင်ယူခဲ့ပြီး အသုံးချနိုင်ခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ ဖြစ်ပျက်တာတွေက နားလည်းနိုင်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ သူတို့ကို နားမလည်နိုင်ရင်တောင်မှ လက်တော့ခံရပါမယ်'' ဟု ရာကီတစ်က ပြောကြားခဲ့သည်။

(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ရာကီတစ်သည် ဘာစီလိုနာနှင့်ချုပ်ဆိုထားသည့်စာချုပ်မှာ လာမည့်ရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ပြီးခဲ့သည့်လများအတွင်း ဂျူဗင်တပ်စ်၊ အင်တာမီလန်နှင့် အေစီမီလန်အသင်းများမှာ ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

အီတလီသို့ပြောင်းရွှေ့နိုင်သလားဟု မေးမြန်းမှုကိုမူ ရာကီတစ်က ယခုကဲ့သို့ တုံ့ပြန်ခဲ့သည်။

'' ကျွန်တော် ထပ်ပြောပါမယ်။ ကျွန်တော့်ရဲ့အခြေအနေကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ မိသားစုနဲ့ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်မယ့်ဆုံးဖြတ်ချက်ကိုပဲ ချမှတ်သွားမှာပါ''ဟု ရာကီတစ်က ဖြေကြားခဲ့သည်။

Most Read

Most Recent