ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရပ်နားထားရသည့် ယခုရာသီ လီဂူးပြိုင်ပွဲကို ဇွန်လ (၁၇)ရက်တွင် ပြန်စရန် စီစဉ် 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရပ်နားထားရသည့် ယခုရာသီ လီဂူးပြိုင်ပွဲကို ဇွန်လ (၁၇)ရက်တွင် ပြန်စရန် စီစဉ် 
Photos: Getty Images & EPA
Photos: Getty Images & EPA
Published 14 April 2020

ပြင်သစ်လီဂူးအဖွဲ့ချုပ် (LFP) တာဝန်ရှိသူများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရပ်နားထားရသည့် ယခုရာသီ လီဂူးပြိုင်ပွဲကို ဇွန်လ (၁၇)ရက်တွင် ပြန်စရန် စီစဉ်နေကြောင်း ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။ 

L'Equipe သတင်းစာ၏ ဖော်ပြမှုအရ LFP တာဝန်ရှိသူများသည် ယခုရာသီ လီဂူးပြိုင်ပွဲကို ဇွန်လ (၁၇)ရက်တွင် ပြန်လည်စတင်ပြီး ဇူလိုင်လ (၂၅)ရက်တွင် ရာသီသိမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လီဂူးပြိုင်ပွဲကို မတ်လ (၁၆)ရက်တွင် စတင်ရပ်နားထားခဲ့ရပြီး ရာသီပြီးဆုံးရန် ပွဲစဉ်ပေါင်း (၁၀၁)ပွဲ (စထရာဘိုး-PSG ပွဲကျန်အပါအဝင်) ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

LFP က သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ယခုရာသီ လီဂူးပြိုင်ပွဲကို ပြီးဆုံးအောင် ကစားမည်ဆိုပါက လီဂူးအသင်းများအနေဖြင့် (၃)ရက်လျှင် (၁)ပွဲနှုန်း ကစားရမည်ဖြစ်သည်။

ပြီးခဲ့သည့်သောကြာနေ့က ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် LFP တာဝန်ရှိသူများသည် ပြိုင်ပွဲပြန်လည်ကျင်းပမည့် နေ့စွဲများကို အတည်ပြုခဲ့သော်လည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည်လား သို့မဟုတ် ပရိသတ်များကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးမည်လားဆိုသည့်အချက်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း L'Equipe က ဖော်ပြခဲ့သည်။

ထို့ပြင် LFP တာဝန်ရှိသူများသည် PSG နှင့် လိုင်ယွန်အသင်းတို့ ကစားမည့် ပြင်သစ်လိဂ်ဖလားဗိုလ်လုပွဲကို ဇွန်လ (၂၇)ရက်၊ PSG အသင်းနှင့် စိန့်အက်တီယန်အသင်းတို့ ကစားမည့် ပြင်သစ်ဖလားဗိုလ်လုပွဲကို ဇူလိုင်လ (၁၁)ရက်တွင် ကျင်းပရန်သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။ 

ယခုရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲတို့ကို ပြီးဆုံးအောင် ကျင်းပလိုသည့်အတွက် လီဂူးပြိုင်ပွဲကို ဇူလိုင် (၂၅)ရက်တွင် အသုံးသတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

Most Read

Most Recent