ဇွန်လတွင် အစိုးရ၏ကြီးကြပ်မှုဖြင့် ကွင်းပိတ်ကစားခွင့်ရရန်အတွက် အစိုးရတာဝန်ရှိသူများနှင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ် ဆွေးနွေးသွားမည်

ဇွန်လတွင် အစိုးရ၏ကြီးကြပ်မှုဖြင့် ကွင်းပိတ်ကစားခွင့်ရရန်အတွက် အစိုးရတာဝန်ရှိသူများနှင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ် ဆွေးနွေးသွားမည်
Photo ; vbetnews
Photo ; vbetnews
Published 7 April 2020

ပရီးမီးယားလိဂ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် လာမည့်ဇွန်လအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်များကို ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ်များအား အစိုးရ၏ ကြီးကြပ်မှုအောက်တွင် ကွင်းပိတ်ကစားခြင်းနှင့် အခြားလုပ်ထုံးလုပ်နည်းများကိုလိုက်နာကာ ပြန်လည်စတင်ရန် ဆန္ဒရှိနေခြင်းဖြစ်ပြီး ပြန်လည်စတင်မည့်ရက်အတိအကျကို ပရီးမီးယားလိဂ်ကလပ်အသင်းများနှင့် သောကြာနေ့တွင် ဦးစွာဆွေးနွေးသွားမည်ဟု သိရှိရသည်။

အစိုးရအနေဖြင့် ယခုအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပြဿနာသည် အမြင့်ဆုံးအခြေအနေသို့ ရောက်မလာသေးဘဲ ဖြစ်လာနိုင်သည်ဟု မှန်းဆထားသော်လည်း တင်းကျပ်သည့် စည်းမျဉ်းများအောက်တွင် ကွင်းပိတ်ကစားမည်ဆိုပါက ဖြစ်နိုင်ဖွယ်ရှိနေသည်ဟု သိရှိရသည်။

ကွင်းပိတ်ကစားခြင်းကြောင့် တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားသည့် ပရိသတ်များအနေဖြင့် ကွင်းတွင်းသို့လာရန် မဖြစ်နိုင်သော်လည်း ရုပ်သံမှတစ်ဆင့် အခမဲ့ကြည့်ရှုခွင့်ရရှိရန် စီစဉ်မှုများကိုလည်း လုပ်ဆောင်ရမည်ဖြစ်ပြီး အချို့သောပရိသတ်များအတွက်မူ တစ်ပွဲချင်းလက်မှတ်ခ ငွေပြန်အမ်းရန် အစီအစဉ်များပြုလုပ်ရန် လိုအပ်လျက်ရှိသည်။

အကယ်၍ ဇွန်လတွင်ပြန်ကစားမည့်အစီအစဉ်သာ အတည်ပြု နိုင်ခဲ့ပါက မေလနှောင်းပိုင်းတွင် လေ့ကျင့်ရေးအစီအစဉ်များပြန်စရန် စီစဉ်ရမည်ဖြစ်သည်။

ခွင့်ပြုချက်မရခဲ့လျှင်မူ ယခုရာသီကို အဆုံးသတ်ရဖွယ်ရှိပြီး အခြားဆုံးဖြတ်ချက်များကိုဆက်လက် ဆွေးနွေးရတော့မည်ဖြစ်သည်။

 

 

Most Read

Most Recent