ပဲခူးမြို့သို့ ထိုင်းငံမှ ပြန်ရောက်လာသူ အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူအား ကျန်းမာရေး စောင့်ကြည့်မှု မခံသဖြင့် အမှုဖွင့် အရေးယူ

ပဲခူးမြို့သို့ ထိုင်းငံမှ ပြန်ရောက်လာသူ အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူအား ကျန်းမာရေး စောင့်ကြည့်မှု မခံသဖြင့် အမှုဖွင့် အရေးယူ
Published 5 April 2020
မောင်အေး (ပဲခူး)

ပဲခူးမြို့ မဇင်းရပ်ကွက်(၁)လမ်းရှိ အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူတို့သည် ပဲခူးမြို့သို့ ဧပြီ ၃ ရက်က ပြန်လည်ရောက်ရှိလာခဲ့ပြီး ကျန်းမာရေး စောင့်ကြည့်မှု ၁၄ ရက်ခံယူရန် တိမ်းရှောင်သဖြင့် ပဲခူးမြို့အမှတ်၂ ရဲစခန်းတွင် အမှုဖွင့် အရေးယူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့ မဇင်းရပ်ကွက်(၁)လမ်းအပိုင် ရာအိမ်မှူး ဦးဝင်းကိုက ၎င်း၏နေအိမ်ခြေရင်းရှိ ဒေါ်ချိုချို၏ သားဖြစ်သူ ဟူစိန် (ခ) မျိုးကိုကို လက် (၂၆ နှစ်) (ဘ) ဦးခင်မောင်လတ်၊ မွတ်စလင်/အစ္စလာမ် ကျပန်းလုပ်သူနှင့် ၎င်း၏ဇနီးဖြစ်သူ (အမည်၊ အသက်၊ အဘအမည်) စုံစမ်းဆဲ(အတူနေ)တို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ပြန်လာကြောင်း သိရသဖြင့် အပိုင်ရာအိမ်မှူး ဦးဝင်းကိုက ဒေါ်ချိုချိုအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ပြီး ၎င်း၏သားနှင့် ချွေးမဖြစ်သူတို့အား ထိုင်းနိုင်ငံမှ ပြန်လာသည့်အတွက် ကျန်းမာရေး စစ်ဆေးခံယူရန် ဒေါ်ချိုချိုအား ရှင်းပြပြောဆိုရာ အသာတကြည် လက်ခံပြီးနောက် ရာအိမ်မှူး ဦးဝင်းကိုသည် မဇင်းလူငယ် ပရဟိတအသင်းတို့နှင့်အတူ ဒေါ်ချိုချို၏ နေအိမ်သို့ ကျန်းမာရေး စစ်ဆေးခံယူရန် လူမှုကူညီရေးအသင်း ယာဉ်ဖြင့် သွားရောက်ရာ ဒေါ်ချိုချိုက ‘ငါ့သားမရှိဘူး။ ထွက်သွားပြီ’ ဟု ပြောဆိုသဖြင့် ၎င်းနေအိမ်ကို ခေတ္တစောင့်ဆိုင်းကြည့်ရာ ဟူစိန် (ခ) မျိုးကိုကိုလတ်နှင့် ၎င်း၏ဇနီးဖြစ်သူ (အမည်၊ အသက်၊ အဘအမည်) စုံစမ်းဆဲ(အတူနေ)တို့မှ ယခုအချိန်အထိ ပြန်လည် ရောက်ရှိလာခြင်း မရှိဘဲ ကျန်းမားရေးအရ စစ်ဆေးရန် ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ရှောင်တိမ်းနေကြောင်း သိရသည်။

ထို့ကြောင့် ဦးအောင်မင်းက တရားလို ပြုလုပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသန္တရအမိန့်ကို လိုက်နာဆောင်ရွက်ခြင်း မရှိခြင်းနှင့် ကျန်းမာရေးအရ စစ်ဆေးခံယူရန် ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ထွက်ပြေးတိမ်းရှောင်သူ ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းသဖြင့် ဧပြီ ၄ ရက်က ပဲခူးမြို့ အမှတ်၂ နယ်မြေရဲစခန်းတွင် (ပ) ၅၀၁/၂၀၂၀/၃၀ (က)၂၀၁၃ ဖြင့် အမှုဖွင့်ခဲ့ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

 

Most Read

Most Recent