စီးရီးအေပွဲစဉ်(၂၂) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်(၂၂) ပွဲကြိုသုံးသပ်ချက်
Photos : Roma, Cagliari Facebook
Photos : Roma, Cagliari Facebook
Published 1 February 2020

ဘိုလော့ဂ်နာ နှင့် ဘရက်စီယာ (စနေည ၈း၃၀ နာရီ)

ဘိုလော့ဂ်နာရဲ့ ခြေစွမ်းက မှန်းဆရခက်နေပြီး အိမ်ကွင်းထက်အဝေးကွင်းမှာ ခြေစွမ်းပိုပြနေတယ်။ ဘရက်စီယာက ဘိုလော့ဂ်နာလို မတည်ငြိမ်တဲ့အဆင့်မဟုတ်ဘဲ ခြေစွမ်းနိမ့်ပါးတဲ့ အဆင့်ဖြစ်နေပြီး (၆)ပွဲဆက်နိုင်ပွဲပျောက်ထားတယ်။ ဘိုလော့ဂ်နာ အနိုင်ရမယ့်ပွဲဖြစ်ပြီး နှစ်သင်းပေါင်းဂိုးများမယ်။

ကာဂလီယာရီ နှင့် ပါးမား (စနေည ၁၁း၃၀ နာရီ)

ရှုံးပွဲဆက်နေတာကို ကာဂလီယာရီ ရပ်တန့်လိုက်ပေမယ့် နိုင်ပွဲတွေမပိုင်ဆိုင်သေးဘူး။ နိုင်ဂိုလန် ခြေစွမ်းပြန်ပြလာသလို  ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ခြေစွမ်းထက်ပိုပြီးတည်ငြိမ်လာတယ်။ ပါးမားက နောက်ပိုင်းပွဲတွေမှာ ကာဂလီယာရီထက် ခြေစွမ်းပိုထက်မြက်ပေမယ့် ကာဂလီယာရီ ရလဒ်ကောင်းမယ်။

ဆာဆူအိုလို နှင့် ရိုးမား (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရိုးမားအမှားမခံသလို၊ ဆာဆူအိုလိုကလည်း တန်းဆင်းဇုန်စည်းဝိုင်းရဲ့အပြင်ဘက်ကို ဝေး နိုင်သမျှဝေးအောင် ရုန်းကန်နေရတယ်။ ဆာဆူအိုလို နှစ်ပွဲဆက် ရလဒ်ကောင်းထားပေမယ့် ခြေစွမ်းမတည်ငြိမ်တဲ့အသင်းတွေနဲ့ ကစားခဲ့ရလို့ဖြစ်ပြီး အဝေးကွင်းနောက်ဆုံး (၁၄)ပွဲမှာ (၁၃)ပွဲအထိ မရှုံးခဲ့တဲ့ ရိုးမားဆီကနေအမှတ်ရရှိအောင် ခက်ခက်ခဲခဲ ကြိုးစားရပါမယ်။ ဆာဆူအိုလို တစ်မှတ်ထက်ပိုမရပါဘူး။

Most Read

Most Recent