လက်စတာနောက်ခံလူ ချီဝဲလ်အား ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်နေ

 လက်စတာနောက်ခံလူ ချီဝဲလ်အား ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 31 December 2019

 

 

မန်စီးတီးအသင်းသည် လက်စတာအသင်းမှ အင်္ဂလန်နောက်ခံလူ ချီဝဲလ်အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ 

အသက် (၂၃)နှစ်အရွယ်ရှိ ချီဝဲလ်သည် ယခုရာသီတွင် လက်စတာအသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် မန်စီးတီးအသင်းအပြင် ချယ်လ်ဆီးအသင်းကပါ စိတ်ဝင်စားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

လက်စတာအသင်းသည် ချီဝဲလ်အား ရောင်းချလိုခြင်းမရှိသော်လည်း လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းကြီးများ ကမ်းလှမ်းလာပါက ၎င်းကို ထိန်းသိမ်းနိုင်ရန် ခက်ခဲမည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်နေကြသည်။ 

မန်စီးတီးအသင်းသည် ယခုရာသီတွင် ခံစစ်ပိုင်းပြဿနာများနှင့် ကြုံတွေ့နေရသည့်အတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခံစစ်ကစားသမား ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

သို့သော် မန်စီးတီးအသင်းအနေဖြင့် ချီဝဲလ်အား ခေါ်ယူရန် ကြိုးစားရာတွင် ချယ်လ်ဆီးအသင်းနှင့် အပြိုင်လုရဖွယ်ရှိနေပြီး ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း (၆၀)အထိ ရှိနိုင်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

 

Most Read

Most Recent