တောင်ကလေးကရင်နှစ်သစ်ကူးအထိမ်းအမှတ် မြန်မာ-ထိုင်းလက်ဝှေ့စိန်ခေါ်ပွဲတွင် စိုးလင်းဦးနှင့် စောဘဦးတို့ အနိုင်ရ

တောင်ကလေးကရင်နှစ်သစ်ကူးအထိမ်းအမှတ် မြန်မာ-ထိုင်းလက်ဝှေ့စိန်ခေါ်ပွဲတွင် စိုးလင်းဦးနှင့် စောဘဦးတို့ အနိုင်ရ
Photos: Myanmar Lethwei Collection Facebook
Photos: Myanmar Lethwei Collection Facebook
Published 31 December 2019

 

ကရင်ပြည်နယ်တွင်ကျင်းပခဲ့သည့် တောင်ကလေး ကရင်ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ် မြန်မာ-ထိုင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် စိုးလင်းဦးနှင့် စောဘဦးတို့သည် ပြိုင်ဘက်များကို အလဲထိုးကာအနိုင်ရခဲ့ကြောင်း သိရသည်။

တောင်ကလေးကရင်ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ်လက်ဝှေ့စိန်ခေါ်ပွဲကို ဒီဇင် ဘာ ၂၇၊ ၂၈၊ ၂၉ ရက်များတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး စိုးလင်းဦးနှင့် စောဘဦးတို့တွဲဆိုင်းများ ကို အထူးစိန်ခေါ်ပွဲများအဖြစ် ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စိုးလင်းဦးသည် ပြိုင်ဘက် မွေထိုင်းလက်ဝှေ့သမား ပကောကို လေးချီတွင် အလဲထိုးဖြင့် အနိုင်ရ ခဲ့ခြင်းဖြစ်ပြီး ပွဲစဉ်တစ်လျှောက် ပြိုင်ဘက်ကို တိုက်စစ်အသားပေးထိုးသတ်ဟန်ဖြင့် ဖိအားပေးနိုင်ခဲ့ကာ စတုတ္ထအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော အထူးစိန် ခေါ်ပွဲများ၌ စောဘဦးက မွေထိုင်းလက်ဝှေ့ သမား ဖစ်အေကို တတိယအချီတွင် အလဲ ထိုးဖြင့် အနိုင်ရခဲ့ပြီး ကြယ်လင်းအောင်နှင့် သပြေညိုတို့၏တွဲဆိုင်းမှာ ပူးတွဲသရေရလဒ် ထွက်ပေါ်ခဲ့သည်။ 

ဒီဇင်ဘာ ၂၉ ရက်တွဲဆိုင်းများတွင်  ရဲ သွေးနီက ဆန်လီယန်း(ထိုင်း)ကို တတိယအချီတွင် အလဲထိုးခဲ့ပြီး စောမင်းမင်းက စော ဒါ၀ိတ်ကို ပထမအချီမှာပင် အလဲထိုးကာ အနိုင်ရခဲ့သည်။ 

ဒီဇင်ဘာ ၂၇ ရက်က ယှဉ်ပြိုင်ခဲ့သောတွဲဆိုင်းများအနက် ငါးချီစိန်ခေါ်ပွဲများတွင် မင်းမောင်မောင် (မြန်မာ)နှင့် တခွန်း ဆင်(ထိုင်း)တို့၏ တွဲဆိုင်းမှာ ပူတွဲသရေရလဒ် ထွက်ပေါ်ခဲ့ပြီး GTG ၁၅ သိန်းတန်အောင်လံဆုကို နက္ခတ်အောင်(ဇွဲကပင်မြေ)က ရရှိခဲ့ ကြောင်း သိရသည်။

တွဲဆိုင်းရလဒ်များ

၂၈-၁၂-၂၀၁၉

    စောဘဦး(မြန်မာ)        နိုင်-ရှုံး    ဖစ်အေ(ထိုင်း)

    ကြယ်လင်းအောင်        သရေ    သပြေညို

    စောမင်းအောင်(မြန်မာ)    သရေ    ဖာမိချိုင်း(ထိုင်း)

    လှလေးစိန်        ရှုံး-နိုင်    ကျော်နိုင်

၂၉-၁၂-၂၀၁၉

    စိုးလင်းဦး(မြန်မာ)    နိုင်-ရှုံး    ပကော(ထိုင်း)

    ရဲသွေးနီ(မြန်မာ)    နိုင်-ရှုံး    ဆန်လီယန်း(ထိုင်း)

    စောဒါ၀ိတ်    ရှုံး-နိုင်    စောမင်းမင်း

    စောရွှေလေး    သရေ    ဖကျော်ဟဲ

    စောကောင်းထက်    သရေ    စောထူးအောင်

 

Most Read

Most Recent