၂၀၁၇ ခုနှစ် မောင်တောအကြမ်းဖက်ဖြစ်စဉ်အတွင်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် နံ့သာတောင်ကျေးရွာတွင် ကျေးရွာသားများအား ပြန်လည်နေရာချထား

၂၀၁၇ ခုနှစ် မောင်တောအကြမ်းဖက်ဖြစ်စဉ်အတွင်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် နံ့သာတောင်ကျေးရွာတွင် ကျေးရွာသားများအား ပြန်လည်နေရာချထား
ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းခံရသည့် နံ့သာတောင်ကျေးရွာတွင် ကျေးရွာသားများအား ပြန်လည်နေရာချထားသော အိမ်များကို တွေ့ရစဉ်
ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းခံရသည့် နံ့သာတောင်ကျေးရွာတွင် ကျေးရွာသားများအား ပြန်လည်နေရာချထားသော အိမ်များကို တွေ့ရစဉ်
Published 20 December 2019
သားရွှေဦး(ကစ္ဆပ)

၂၀၁၇ ခုနှစ် မောင်တောအကြမ်းဖက် ဖြစ်စဉ်အတွင်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် နံ့သာတောင်ကျေးရွာတွင် ကျေး ရွာသားများအား ပြန်လည်နေရာချထားပြီဖြစ် ကြောင်း သိရသည်။

မောင်တောခရိုင် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ နံ့သာတောင်ကျေးရွာ တွင်  ပြန်လည်တည်ဆောက်ပေးထားသည့် နေအိမ်များအား မဲစနစ်ဖြင့် ခွဲဝေချထားမှုကို ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်ခြင်းဖြစ်ပြီး လက် ရှိတွင် ဆောက်လုပ်ပြီး နေအိမ် ၄၂ လုံးအား လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး ဒေသခံကျေး ရွာသား ၁၄၇ ဦးနေထိုင်နိုင်မည်ဖြစ်ကြောင်း နံ့သာတောင်ပရဟိတဆရာတော်က မိန့်ကြား သည်။

“၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် အကြမ်း ဖက်ဖြစ်စဉ်တွင် နံ့သာတောင်ကျေးရွာနဲ့နံ့သာ တောင်ပညာဒါနပရဟိတကျောင်းတို့မှာ မီး ရှို့ခြင်းခံလိုက်ရပြီးနောက် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးအောင်မြင်ခဲ့ ပါပြီ။ ယခုအခါ နံ့သာတောင်ရွာသူရွာသား တွေကို ပြန်လည်နေရာချထားနိုင်ပါပြီ။မနေ့ က ရွာသားတွေကို နေအိမ်တွေ မဲစနစ်နဲ့ လွှဲ ပြောင်းပေးတာ ဖြစ်တယ်။ အခုဆိုရင် ရွာမှာ ဆောက်လုပ်ပြီး နေအိမ် ၄၂ လုံးဖြစ်လို့ ရွာ သား ၁၄၇ ဦး စတင်နေထိုင်မှာ ဖြစ်ပါတယ်။ အိမ်မရလို့ ရွာကို မပြန်နိုင်သေးတဲ့သူတွေ လည်းရှိပါသေးတယ်” ဟု နံ့သာတောင်ပရဟိ တကျောင်းဆရာတော် ဦးစရဏကမိန့်ကြား သည်။

အဆိုပါ နေအိမ်များကို နံ့သာတောင်ပရဟိတဆရာတော် ဦးစရဏ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်း၊ တောင် ပြိုလက်ဝဲမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးနှင့်အဖွဲ့တို့က  အိမ်ထောင်စုများအား ခွဲဝေချထား ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ နေအိမ်များကို အိန္ဒိယနိုင်ငံအ စိုးရ၏ ထောက်ပံ့ငွေဖြင့် အလျား ၂၄ပေ ၊ အ နံ ၁၈ ပေ၊အမြင့် ၁၁ ပေ၊ သွပ်မိုး၊ ကွန်ကရစ် ခင်း၊ ပရီကတ်ကာ၊ တစ်ထပ်နေအိမ် ၄၂ လုံး ကို တည်ဆောက်ခြင်းဖြစ်ပြီး နေအိမ်တစ်လုံး ၏ ကုန်ကျငွေတန်ဖိုးမှာ ကျပ် ၁၈၅ သိန်း ဖြစ် ကြောင်း သိရသည်။

 

 

Most Read

Most Recent