ရီးယဲလ်မက်ဒရစ်အသင်းသည် မနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်၌် PSG နှင့် (၂-၂)ဂိုးဖြင့် သရေကျခဲ့ပြီး လက်ကျန် (၁) ပွဲကစားရန် ကျန်ရှိနေသေးသော်လည်း ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်ရန် သေချာခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် (၂၃)ရာသီဆက်တိုက် ရှုံးထွက်(၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်သည့် အသင်းအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် မနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်၌် PSG နှင့် (၂-၂)ဂိုးဖြင့် သရေကျခဲ့ပြီး လက်ကျန် (၁) ပွဲကစားရန် ကျန်ရှိနေသေးသော်လည်း ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်ရန် သေချာခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ် အုပ်စု (A)၌ ရမှတ် (၈)မှတ်ဖြင့် PSG အသင်း(၁၃ မှတ်)နောက် အုပ်စု ဒုတိယနေရာသာ ရရှိခဲ့သည်။ သို့သော် နောက်တစ်ဆင့်တက်ရောက်နိုင်ခြင်းမှာ ရီးယဲလ်အသင်းအတွက် စံချိန်သစ်တစ်ရပ်ဖြစ်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတွင် (၂၃)ရာသီဆက်တိုက် ရှုံးထွက် (၁၆)သင်းအဆင့် တက်ရောက်နိုင်သည့် ပထမဆုံးအသင်း ဖြစ်လာခဲ့သည်။

ရီးယဲလ်အသင်းသည် ၁၉၉၇-၉၈ ရာသီမှစတင်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အနိမ့်ဆုံးရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ခဲ့နိုင်ခဲ့ပြီး ယင်းကာလအတွင်း ချန်ပီယံဆုကို (၇)ကြိမ်အထိ ရယူနိုင်ခဲ့ကြောင်း သိရသည်။ ထို့ုပြင် ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်တွင် ၂၀၁၀-၁၁ ရာသီမှ ၂၀၁၈- ၁၉ ရာသီ (၈)ရာသီဆက်တိုက် ဆီမီးဖိုင်နယ်တက် ရောက်နိုင်ခဲ့သည်။
၁၉၉၆-၉၇ နောက်ပိုင်း ရီးယဲလ်မက်ဒရစ်အသင်း၏ ချန်ပီယံလိဂ် စွမ်းဆောင်မှု
ရောက်ရှိသည့်အဆင့် အကြိမ်
ရှုံးထွက် (၁၆)သင်း ၂၃
ကွာတားဖိုင်နယ် ၁၅
ဆီမီးဖိုင်နယ် ၁၃
ချန်ပီယံ ၇