ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းအတွက် တင်ဒါအောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအကြား ငါးနှစ်သက်တမ်းရှိ လုပ်ကိုင်ခွင့်စာချုပ် ချုပ်ဆို

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းအတွက် တင်ဒါအောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအကြား ငါးနှစ်သက်တမ်းရှိ လုပ်ကိုင်ခွင့်စာချုပ် ချုပ်ဆို
Published 15 November 2019
ဖြိုးဇင်(ထားဝယ်)

တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအကြား ငါးနှစ်သက်တမ်းရှိ လုပ်ကိုင်ခွင့်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး မီးမှန်၍ စျေးနှုန်းသက်သာစေရမည်ဟု ကုမ္ပဏီဘက် ကပြောကြားခဲ့သည်။ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Petro & Trans Co.,Ltd တို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာ  ၁၃ ရက် မနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီးနှင့် Petro & Trans Co.,Ltd မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရှေ့ဆက်လုပ်ဆောင်သွားမည့် အစိုးရအဖွဲ့နှင့် ကုမ္ပဏီအကြား တိကျခိုင်မာစေရန် စာချုပ်စာတမ်းနှင့် ဆောင်ရွက်ခြင်းက ပိုမိုအဆင်ပြေမည် ဖြစ်သောကြောင့် စာချုပ် ချုပ်ဆိုခြင်း အခမ်းအနား ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သဘောတူစာချုပ်ပါ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာခြင်းဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်ဟု တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင်ဖေ့ဘွတ်စာမျက်နှာ၌ ဖော်ပြထားခဲ့သည်။

“ ပြည်​သူ​တွေ မ​ီးမပျက်​​စေ​ရေး၊ ဗို့အားပြည်​့မီ​စေ​ရေး၊ ​နောက်​ဝန်​​ဆောင်​မှု အ​ကောင်းဆုံး​ပေါ့ဗျာ။ ​ကျွန်တော်တို့က​ပေးဖို ့ရည်​ရွယ်​ထားတယ်​။ ရည်​ရွယ်​ထားတဲ့အခါမှာ ခုနက​ပြောတဲ့ ပြည်​သူကိုယ်​တိုင်​လည်​း ကျွန်တော်တို့ဘက်​ကို ပါဝင်​လာမယ်​့နည်​း​ပေါ့ဗျာ။ ကျွန်​တော်​တို့က ပြည်​သူ​တွေကိုပြန်​ပြီး Service ​ပေးရမှာ။ မီးအလုပ်​က သမ္မာအာဇီဝ အလုပ်​ပဲ။ ရိုးရိုးသားသား ကျွန်​တော်​တို့ ခံယူထားတယ်​။ ကျွန်တော်​တို့ စက်​​တွေ ရင်းနှီးတယ်​။ အမြတ်​အစွန်​း တစ်​ခုတင်​ပြီး​တော့ ပြည်​သူကို​ ရောင်​းတယ်​၊ ရိုးရိုးပဲ။ ဒါသမ္မာအာဇီဝ အလုပ်​ပဲ။ ပြည်​သူက​အော်​​အော်​ မ​အော်​​အော်​ ဒါ သူ့ service ၊ ဒါ​ပေမဲ့ ကျွန်တော်​တို့ပေးရမယ်​ ့တာဝန်​ရှိတယ်​။ ​​ပေးရမယ့် တာဝန်​ရှိ​တော့ ကျွန်​တော်​တို့က ပြည်​သူ ဘယ်​လိုပဲဖြစ်​ဖြစ်​ ကိုယ်​​ပေးရမယ်​့ ဝန်​​ဆောင်​မှုကို​တော့ တည်​တည်ငြိမ်​ငြိမ်​နဲ ့အ​ကောင်​းဆုံး​ပေးမယ်​။ ပြည်​သူက​တော့ ကျွန်တော်​တို့ကို အကြံဉာဏ်​​တွေ​ပေး ​ထောက်​ပြ၊ ပြည်သူလူထုက မကြိုက်လို့ ဆဲဆိုလည်​း ကျွန်တော်​တို့ကို အကြံဉာဏ်​​ပေးတယ်​လို့ပဲ မှတ်​ယူတယ်​။ ဘာလို့လဲဆို​တော့ ဒီအ​တွေ့အကြုံ​တွေ၊ ဒီဒဏ်​​တွေကို ကျန်​တဲ့ပြည်​နယ်​နဲ ့တိုင်​း​တွေမှာ အများကြီး ကျွန်​တော်တို့ အ​တွေ့အကြုံ ရခဲ့ပြီးပြီ​လေ။ ဒါ​ကြောင်​့ အဓိက က ကျွန်တော်​တို့ မီးကိုမှန်​​စေရမယ်​၊ ဗို့အား ပြည်​့​မီစေရမယ်၊​ စျေးနှုန်​း သက်​သာ​စေရမယ်” ဟု Petro & Trans ကုမ္ပဏီ ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောကြားသည်။ လက်​ရှိ ထားဝယ်​ခရိုင်​ လျှပ်​စစ်​ဓာတ်​အား ထုတ်​လုပ်​ဖြန်​့ဖြူးခြင်​း လုပ်​ငန်​းလုပ်​ကိုင်​ခွင်​့အတွက်​ တိုင်​း​ဒေသကြီးအစိုးရအဖွဲ့နှင်​့ ချုပ်​ဆိုခဲ့သော စာချုပ်​သက်​တမ်​းမှာ ငါးနှစ်​ဖြစ်​ပြီး သုံးနှစ်​ဆက်​တိုက်​ သက်တမ်းတစ်ကြိမ်​နှင်​့ တစ်​နှစ်​သက်​တမ်​း တစ်​ကြိမ်​စီ သက်​တမ်​းတိုးသွားမည်​့(၃-၁-၁)ပုံစံဖြစ်​​ကာ စာချုပ်​၌ တိုင်​း​ဒေသကြီး အစိုးရအဖွဲ့ဘက်​မှ လုပ်​ကိုင်​ခွင်​့ပြုသူ​နေရာတွင်​ အစိုးရအဖွဲ ့အတွင်​း​ရေးမှူးက လက်​မှတ်​​ရေးထိုးခဲ့ပြီး ကုမ္ပဏီဘက်​မှ ဒါရိုက်​တာတစ်​ဦးက လက်​မှတ်​​ရေးထိုးခဲ့​​ကြောင်​း သိရသည်။ ထို့ပြင် ကုမ္ပဏီအနေဖြင်​့ လျှပ်​စစ်​ထုတ်​လုပ်​မှုအ​တွက်​ အခြား ပြန်​လည်​ပြည်​့ဖြိုးမြဲ စွမ်​းအင်​အရင်​းအမြစ်​ကို အသုံးပြု၍ ထုတ်​လုပ်​နိုင်​ရန်​ အစီအစဉ်​ရှိပြီး အကယ်​၍ အခြားစွမ်းအင်​အရင်​းအမြစ်​ကို အသုံးပြုခွင်​့ရပါက မီတာ ယူနစ်​ခ​စျေးနှုန်​းကို တစ်ဆင်​့ချင်​း​ လျှော့ချ​ပေးသွားရန်​ရှိ​ကြောင်​း ၎င်းက ဆက်​လက်​ပြောကြားသည်​။

ထားဝယ်​ခရိုင်​အတွင်​း​ ကျေးရွာအချို့၌ မီးလင်​း​ရေး​ ကော်​မတီများမှ လျှပ်စစ်ဖြန့်ဖြူး​ရေး လုပ်​ကိုင်​​နေသည်​့ အပေါ်တွင်​လည်​း လက်​ ရှိ GGS ကုမ္ပဏီက လုပ်​​​ဆောင်​​နေသည်​့ စနစ်​အတိုင်​းပင်​ အ​ပြောင်​းအလဲမလုပ်​ဘဲ ဆက်​လက်​လုပ်​​ဆောင်​သွားမည် ​ဖြစ်​ပြီး ယင်​း​​ကျေးရွာမီးလင်​း​ရေး​ ကော်​မတီများနှင်​့ တစ်ဖွဲ့ချင်​း​ ဆွေးနွေးသွားရန်​ရှိ​ကြောင်​း၊​ နောက်​ပိုင်​းတွင်​ အွန်​လိုင်​း​ငွေ​ပေး​ချေမှုစနစ်​သို့ ပြောင်​းလဲသွားရန်​ရှိပြီး ထိုအချိန်​၌​ဒေသခံပြည်​သူများ၏ လိုက်​ပါ​ဆောင်​ရွက်​နိုင်​မှုအ​ပေါ် ချိန်​ဆ၍ လုပ်​​ဆောင်​သွားမည်​ဖြစ်​ကာ လက်ရှိအလွှဲအပြောင်​းကာလတွင်​ အဆင်​​ပြေ​စေရန် ​မည်​သည်​့​ပြောင်​းလဲမှုကိုမျှ ဆောင်​ရွက်​မည် မဟုတ်ကြောင်​း ၎င်းက ဆိုသည်။

ဓာတ်​အားထုတ်​လုပ်​သည်​့စက်​များမှာ လက်​ရှိ GGS ကုမ္ပဏီက ငှားရမ်​းလုပ်​ကိုင်​​နေသည်​့ Aggreko ကုမ္ပဏီမှ Gas အင်​ဂျင်​စက်​များကို ငှားရမ်​းအသုံးပြုသွားမည်​ဖြစ်​​ကာ ဓာတ်​အား​ပေးစက်​များ အ​ခြေစိုက်​စခန်​း​နေရာအဖြစ် ​GGS ကုမ္ပဏီ၏ ကံ​ပေါက်​​ဒေသရှိ ဓာတ်​အား​​ပေးစက်​ရုံ အ​ခြေစိုက်​စခန်​းအနီးတွင်​​ မြေခုနစ်ဧက ဝယ်​ယူထားကာ ရှင်​းလင်းမှုများ ​ဆောင်​ရွက်​​နေ​ကြောင်​း၊ Petro & Trans  ကုမ္ပဏီအ​နေဖြင်​့ ထားဝယ်​ခရိုင်​ လျှပ်​စစ်​ဓာတ်​အား ထုတ်​လုပ်​ဖြန့်ဖြူးခြင်​း လုပ်​ငန်းအတွက်​ ၂၀ မဂ္ဂါဝပ်​ ထုတ်​လုပ်​ရန်​ရှိပြီး GGS ကုမ္ပဏီ၏ ဓာတ်​အား​ပေးစက်​ရုံတွင်​ တပ်​ဆင်​ထား​သော Aggreko ကုမ္ပဏီပိုင်​ ၁ ဒသမ ၅ မဂ္ဂါဝပ်​ Gas အင်​ဂျင်​စက်​ ၁၁ လုံးနှင်​့ တစ်မဂ္ဂါဝပ်​​ဒီဇယ်​အင်​ဂျင်​တစ်​လုံးတို့ကို Petro & Trans ကုမ္ပဏီ ဓာတ်​အား​ပေးစက်​ရုံသို့ ဒီဇင်​ဘာလကုန်​တွင်​ စတင်ပြောင်းရွှေ့မည်​ဖြစ်ကာ လိုအပ်​သည်​့ စက်​များကိုလည်​း Aggreko ကုမ္ပဏီက ထပ်​မံဖြည်​့တင်းသွားမည် ဖြစ်​​ကြောင်း သိရသည်​။

“ ကျွန်တော်တို့ရဲ့ Plan သည် ဘာလဲဆိုတော့ လက်ရှိမှာ Aggreko စက်တွေကို ကျွန်တော်တို့က ဆက်ငှားတယ်။ လက်ရှိ Aggreko စက်တွေသည် ၁၅ မဂ္ဂါဝပ်ပဲရှိတယ်။ Aggreko နဲ့ ကျွန်တော်တို့က ၂၀ မဂ္ဂါဝပ်စာချုပ်ချုပ်တော့ သူတို့ နောက်ငါးမဂ္ဂါဝပ် ထပ်ထည့်မယ်။ကျွန်တော်တို့က ထားဝယ်ကို လက်ရှိ  Load Shed (ဝန်အားလျော့) လုပ်နေတဲ့ဟာတွေ မလုပ်ရအောင် အခုလာမယ့်နွေကို မှန်းပြီးတော့ အပြည့်ပေးချင်တာ။ ကျွန်တော်တို့က အဲဒီဟာလုပ်တဲ့အတွက် ကြားထဲမှာ ဘာဖြစ်သွားမလဲဆိုတော့ ဒီစက်အရွှေ့အပြောင်းကာ လလေးကတော့ Aggreko ကတော့ တစ်လလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ပတ် ထပ်ဆောင်းပြီးတော့ ၄၅ ရက်လို့ တွက်တယ်။ အဲဒီ ၄၅ ရက်ကို ဒီဇယ်နဲ့ပေးမယ်။ ကျွန်တော်တို့ ဒီဇယ်စက်တွေနဲ့ ပေးမယ်။ ဒါပေမဲ့ မီတာခ ကတော့ ၂၃၈ ကျပ်ပဲ။ ပြည်သူအနေနဲ့တော့ ဒီဇယ်တွေဘာတွေနဲ့ ပေးတာကို မသိရအောင်ကို အငြိမ်ပဲ။ သူတို့စက်တွေ စရွှေ့ပြီဆိုတာနဲ့ ကျွန်တော်တို့က ဒီဇယ်စက်တွေနဲ့ ချိန်းလိုက်မှာ” ဟု Petro & Trans ကုမ္ပဏီ ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောကြားသည်။ ထားဝယ်​ခရိုင်​ လျှပ်​စစ်​ဓာတ်​အား ထုတ်​လုပ်​ဖြန့်ဖြူးခြင်​းလုပ်​ငန်​း တင်​ဒါစည်​းမျဉ်​းအရ လုပ်​ကိုင်​ခွင်​့ရရှိသည်​့ ကုမ္ပဏီအ​နေဖြင်​့ ၂၀၂၀ ခုန​ှစ် ဇန်​နဝါရီ ၁ ရက်​​မှစတင်​ကာ လုပ်ကိုင်ရမည် ​ဖြစ်​​သော​ကြောင်​့ ကံ​ပေါက်​​ဒေသရှိ Aggreko ကုမ္ပဏီပိုင် ​Gas အင်​ဂျင်​များ​ ရွှေ့ပြောင်​းမှု​ ဆောင်ရွက်​​နေချိန်​အတွင်​း၌ ထားဝယ်​ခရိုင်​အတွင်​း လျှပ်​စစ်​ပြတ်​​တောက်​မှု မရှိ​စေရန်​ တိုင်​းဒေသကြီးအစိုးရအဖွဲ့၏ ခြောက်မဂ္ဂါဝပ်​ ထွက်​ရှိသည်​့ ဒီဇယ်​အင်​ဂျင်​ဓာတ်​အား​ပေး စက်​များအပြင်​ ကုမ္ပဏီဘက်​က ခြောက်မဂ္ဂါဝပ်​ ဒီဇယ်​အင်​ဂျင်​ဓာတ်​အား​ပေးစက်​ ၁၂ လုံး ကို ဝယ်​ယူထား​ကြောင်​း၊ ယင်းစက်များကို ထားဝယ်​၊ ကံ​ပေါက်​န​ှင်​့ ကလိန်​​အောင်​ ဓာတ်​အားခွဲရုံများတွင်​ တပ်​ဆင်​ကာ ပုံမှန်​အတိုင်​း ဓာတ်​အားဖြန်​့ဖြူး​ပေးသွားမည်​ဖြစ်​​​ပြီး ယင်​းအတွက်​ တစ်ယူနစ်​​စျေးနှုန်​း အ​ပြောင်​းအလဲ ရှိမည်​မဟုတ်​ဘဲ တင်​ဒါ​အောင်​မြင်​ထားသည့် တစ်ယူနစ်​ ၂၃၈ ကျပ်သာ​ ကောက်​ခံသွားမည်​ဖြစ်​​ကြောင်​း၊ ကံ​ပေါက်​​ဒေသ၌ Gas အင်ဂျင်များ တပ်​ဆင်​ပြီးပါကလည်​း ယင်​းဒီဇယ်​အင်​ဂျင်​ ဓာတ်​အား​ပေးစက်​များကို ဖြုတ်​သိမ်​းခြင်းမပြုဘဲ ထားရှိသွားမည်​ဖြစ်​ပြီး လျှပ်​စစ်တိုးမြှင်​့လိုအပ်​ချိန်​နှင်​့ အ​ရေး​ပေါ်လျှပ်​စစ်​ပြတ်​​တောက်​ချိန်​များ၌ အဆိုပါ ဒီဇယ်​အင်​ဂျင်​စက်များဖြင်​့ အစားထိုး​ ပေး​ဝေသွားမည်​ဟု သိရသည်​။

 

 

Most Read

Most Recent