ဒေါ့မွန်အား ရှုံးနိမ့်ပြီးနောက် ရာသီကြိုပြင်ဆင်မှုတွင် အမှားများကျူးလွန်ခဲ့ကြောင်း အင်တာမီလန်နည်းပြ ကွန်တီ ပြောကြား

ဒေါ့မွန်အား ရှုံးနိမ့်ပြီးနောက် ရာသီကြိုပြင်ဆင်မှုတွင် အမှားများကျူးလွန်ခဲ့ကြောင်း အင်တာမီလန်နည်းပြ ကွန်တီ ပြောကြား
Photos: AFP
Photos: AFP
Published 6 November 2019

အင်တာမီလန်အသင်းသည် မနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ဒေါ့မွန်အသင်းကို ပထမပိုင်းတွင် (၂-၀)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲအပြီးတွင် (၃-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ကွန်တီက အင်တာမီလန် အသင်းအနေဖြင့် ယခုကဲ့သို့ ဖြစ်ရပ်များနှင့် ရင်ဆိုင်နေရခြင်းမှာ ရာသီကြိုပြင်ဆင်မှုများက မလုံလောက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဆိုခဲ့သည်။ 

 

အင်တာမီလန်အသင်းနည်းပြ ကွန်တီက အသင်းအနေဖြင့် ယခုရာသီအတွက် ပြင်ဆင်ရာတွင် အမှားများ ကျူးလွန်ခဲ့ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ 

အင်တာမီလန်အသင်းသည် မနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ဒေါ့မွန်အသင်းကို ပထမပိုင်းတွင် (၂-၀)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲအပြီးတွင် (၃-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ကွန်တီက အင်တာမီလန် အသင်းအနေဖြင့် ယခုကဲ့သို့ ဖြစ်ရပ်များနှင့် ရင်ဆိုင်နေရခြင်းမှာ ရာသီကြိုပြင်ဆင်မှုများက မလုံလောက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဆိုခဲ့သည်။ 

ကွန်တီက "ဘာစီလိုနာနဲ့ ပွဲတုန်းက အဖြစ်အပျက်နဲ့ အတူတူပါပဲ။ ပိုဆိုးတာက ဒီပွဲမှာ (၂)ဂိုးပြတ်နဲ့ နိုင်နေပြီးမှ ရှုံးနိမ့်ခဲ့ရတာပါ။ ဒီအတွက် ကျွန်တော် စိတ်ပျက်မိပါတယ်။ ဒီပွဲရှုံးပွဲအတွက် ကျွန်တော့်အနေနဲ့ ဆင်ခြေတွေ အများကြီး ပေးလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်မလုပ်ချင်ပါဘူး။ ကစားသမားတွေဟာ အသင်းအတွက် (၁၀၀) ရာနှုန်းပြည့်ပေးဆပ်ခဲ့ပါတယ်။ သူတို့ ဒီထက်ပိုပြီး ဘာမှမလုပ်နိုင်တော့ပါ ဘူး။ ကျွန်တော်တို့အနေနဲ့ ရာသီကြို ပြင်ဆင်မှုမှာ အရမ်းအားနည်းခဲ့ပါတယ်။ ဒီတော့ အဓိကကစားသမားတွေ ဒဏ်ရာရတာ၊ ပွဲဆက်များလာတာတွေက သိသာပါတယ်။ ပြီးတော့ အသင်းမှာ ဂိုဒင်ကလွဲရင် ဆုဖလားရဖူးတဲ့ ကစားသမားလည်း မရှိပါဘူး" ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent