ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 10 October 2024

ဥဇဘက်ကစ္စတန် နှင့် အီရန် (မြန်မာစံတော်ချိန် ကြာသပတေးည ၈း၃၀ နာရီ)

ပြီးခဲ့တဲ့ ဒုတိယအဆင့်မှာလည်း ဒီနှစ်သင်း တစ်အုပ်စုတည်းကျရောက်ပြီး နှစ်ကျော့စလုံး သရေကျခဲ့တာ တွေ့ရတယ်။ ဒီတစ်ပွဲတော့ အဝေးကွင်းဖြစ်တာကလွဲရင် အီရန် အနိုင်နဲ့ သရေကစားမယ်ထင်တယ်။

ကာတာ နှင့် ကာဂျစ္စတန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)

ကာတာအသင်း မဖြစ်မနေ အနိုင်လိုနေပြီ။ ကာဂျစ္စတန်က အီရန်နဲ့ ဥဇဘက်ကိုတောင် ဂိုးပြတ်မရှုံးခဲ့ဘူး။ ကာတာကိုပဲ ကြိုက်တယ်။

ဂျော်ဒန် နှင့် တောင်ကိုရီးယား (မြန်မာစံတော်ချိန် ကြာသပတေးည ၈း၃၀ နာရီ)

ပြီးခဲ့တဲ့ အာရှဖလား ဆီမီးဖိုင်နယ်မှာ ဂျော်ဒန်က တောင်ကိုရီးယားကို အနိုင်ကစားပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။ အသင်းခေါင်းဆောင် ဆွန်ဟောင်မင် မပါလို့ တောင်ကိုရီးယား အားနည်းနိုင်တယ်။ ဂျော်ဒန်ကို အရဲစွန့်ရွေးချယ်ချင်တယ်။

သြစတြေးလျ နှင့် တရုတ် (မြန်မာစံတော်ချိန် ကြာသပတေးညနေ ၃း၄၀ နာရီ)

သြစတြေးလျအသင်းက နိုင်ပွဲမရသေးသလို၊ သွင်းဂိုးမရှိတဲ့အထိ အခြေအနေဆိုးနေတယ်။ ဒီပွဲသာ ရလဒ်ထပ်ဆိုးရင် သြစတြေးလျအသင်း စတုတ္ထအဆင့်ကစားဖို့တောင် ရုန်းကန်ရနိုင်တယ်။ သြစတြေးလျ အနိုင်သေချာပါတယ်။

ဘာရိန်း နှင့် အင်ဒိုနီးရှား (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)

ဆော်ဒီအာရေဗျ၊ သြစတြေးလျအသင်းတွေကို သရေခံကစားထားတဲ့ အင်ဒိုနီးရှားအသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ အသိအမှတ်ပြုရမယ်။ ဒီပွဲလည်း အင်ဒိုနီးရှားအသင်း ဘာရိန်းကို ဒုက္ခပေးနိုင်တယ်။

ဆော်ဒီအာရေဗျ နှင့် ဂျပန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၃၀ နာရီ)

လက်ရှိအခြေအနေအရတော့ ဒီနှစ်သင်းကြားမှာ ကွာခြားချက် အနည်းငယ်ရှိနေတယ်။ ဂျပန်အသင်းက တတိယအဆင့် ခြေစစ်ပွဲ နှစ်ပွဲစလုံး ဂိုးပြတ်အနိုင်ကစားထားပြီး ဆော်ဒီကတော့ အင်ဒိုနီးရှားအသင်းကို သရေ၊ တရုတ်ကိုလည်း မိနစ်(၉၀)ရောက်မှ အနိုင်ဂိုးသွင်းနိုင်ခဲ့တယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဂျပန်အသင်းက ဆော်ဒီကို အသာရထားပေမဲ့ နောက်ပိုင်းရင်ဆိုင်မှုတွေမှာတော့ အပြန်အလှန်အနိုင်ယူတာက များခဲ့တယ်။ ဂျပန်အနေနဲ့ အခုနိုင်ငံတကာရက်သတ္တပတ်မှာ အုပ်စုတွင်း အဓိကပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ ဆော်ဒီ၊ သြစတြေးလျတို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်လို့ ဒီနှစ်ပွဲကိုသာ အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ရင် ခြေစစ်ပွဲအောင်ဖို့ သေချာသလောက် ဖြစ်သွားလိမ့်မယ်။  ဆော်ဒီရဲ့နာမည်ကျော်နည်းပြ မန်ချီနီကတော့ ဖိအားတွေ ရှိနေပါပြီ။ ဂျပန် အနိုင်နဲ့ သရေပါပဲ။

Most Read

Most Recent