ဖူလ်ဟမ် နှင့် ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)
ဖူလ်ဟမ်က အထင်ကြီးစရာ ကစားပုံကို ပြနေတဲ့အသင်းတွေထဲက တစ်သင်းပါ။ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ မန်စီးတီးကို ရှုံးခဲ့တဲ့ပွဲ၊ အဲဗာတန်နဲ့ သရေကျခဲ့တဲ့ပွဲတွေမှာ အသင်းလိုက်ကစားပုံတော်တော်လေးကောင်းပါတယ်။ ဘရန့်ဖို့ဒ်ကလည်း မန်ယူနိုက်ကို ရှုံးခဲ့တဲ့ပွဲမှာခြေစွမ်းမပြနိုင်ပေမယ့် ကျန်ပွဲတိုင်းမှာ ကစားပုံကောင်း၊ ပုံစံကောင်းကို ပြသနိုင်ခဲ့တဲ့အသင်းပါ။ သရေကျဖို့များတယ်။
အမ်ပိုလီ နှင့် ကိုမို (မြန်မာစံတော်ချိန် တနင်္လာည ၁၂းဝ၀ နာရီ)
လက်ရှိခြေစွမ်းချင်း ကွာဟချက်မရှိတဲ့ (၂)သင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲဖြစ်တယ်။ အိမ်ပိုလီက အိမ်ကွင်းအားသာချက်ရှိပေမဲ့ ကိုမိုသရေလောက်တော့ မျှော်လင့်နိုင်တယ်။ (၁-၁) လောက် ဖြစ်နိုင်တယ်။
ပါးမား နှင့် ဂျီနိုအာ (မြန်မာစံတော်ချိန် တနင်္လာည ၁၂းဝ၀ နာရီ)
ပါးမားက အေစီမီလန်ကို အနိုင်ရပြီးနောက်ပိုင်း စီးရီးအေအိမ်ကွင်း(၃)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ ဂျီနိုအာကလည်း အဝေးကွင်းအရမ်းညံ့တဲ့အသင်းပါ။ ပါးမား အနိုင်ရသွားဖို့များတယ်။
လာဇီယို နှင့် ကာဂလီယာရီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
လာဇီယိုက ကာဂလီယာရီနဲ့တွေ့ဆုံမှုတွေမှာ အမြဲလိုလို အသာရအောင် ကစားနိုင်ခဲ့တယ်။ ဒါ့အပြင် ဒီရာသီမှာ လာဇီယိုအသင်းအနေနဲ့ အိမ်ကွင်းအားသာချက်ကို အပြည့်အဝအသုံးချနိုင်တာကိုလည်း တွေ့ရတယ်။ လာဇီယိုကို ကြိုက်တယ်။
ဆယ်လ်တာဗီဂို နှင့် ဂီတာဖေး (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)
ခုနောက်ပိုင်း ဆယ်လ်တာဗီဂိုခံစစ်ကစားပုံလျော့လာသလိုပါပဲ။ ဂီတာဖေးကိုလည်း အစဉ်အလာအရ အနိုင်ရဖို့ခက်လေ့ရှိလို့ သရေကစားပုံကျွမ်းကျင်တဲ့အသင်းလိုဖြစ်နေတဲ့ ဂီတာဖေး အမှတ်ရအောင်ယူသွားမယ်ထင်တယ်။ ဂိုးနည်းသရေပွဲပဲ မှန်းထားချင်တယ်။