ဘရန့်ဖို့ဒ် - ဘုန်းမောက် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၉:၃၀ နာရီ)
ဘရန့်ဖို့ဒ်က နောက်ဆုံးကစားခဲ့တဲ့ (၃) ပွဲမှာ မန်ယူနဲ့ ဖူလ်ဟမ်တို့ကို ရှုံးခဲ့ပြီး အစ်ဝစ်ချ်ကို အနိုင်ရခဲ့တယ်။ အသင်းလိုက်ခြေစွမ်းကောင်းသလို တိုက်စစ်ပိုင်းမှာလည်း ဝစ်ဆာရော၊ အမ်ဘူမိုပါ အကောင်းဆုံးပုံစံပြနေတယ်။ အိမ်ကွင်းမှာ အသင်းတိုင်းကို ဒုက္ခပေးနိုင်တဲ့အသင်းမျိုးဖြစ်ပြီး ပုံစံကောင်းပြနေတဲ့ ဘုန်းမောက်ကိုလည်း ဒုက္ခပေးနိုင်လိမ့်မယ်။ ဘရန့်ဖို့ဒ်ကို ကြိုက်တယ်။
ခရစ္စတယ်ပဲလေ့စ် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၉:၃၀ နာရီ)
ပဲလေ့စ်က ရလဒ်တွေဆက်တိုက် ဆိုးနေရာက စပါး၊ ဝုလ်ဗ်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာတော့ အရင်လိုစုစည်းမှုအချို့ကို မြင်လာရတယ်။ အကောင်းဆုံး အနေအထားတော့ မဖြစ်သေးဘူး။ အထူးသဖြင့် တိုက်စစ်ကစားပုံက စိတ်မချရသေးဘူး။ ဖူလ်ဟမ်က အားကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဟန်ချက်လည်း ညီတယ်။ ရှေ့၊ လယ်၊ နောက် ပဲလေ့စ်ထက်ပိုအားကောင်းတယ်။ ဖူလ်ဟမ်ကို ကြိုက်တယ်။
ဝက်စ်ဟမ်း - အဲဗာတန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၉:၃၀ နာရီ)
အဲဗာတန်က ဒီရာသီမှာ ပုံစံကောင်းတွေ မြင်နေရတယ်။ ဖူလ်ဟမ်ကို သရေကျခဲ့ပွဲရော၊ ဆောက်သမ်တန်ကို ရှုံးခဲ့တဲ့ပွဲမှာပါ အဲဗာတန်ခြေစွမ်းကောင်းခဲ့တယ်။ အသင်းလိုက် မာကျောမှုက ပြီးခဲ့တဲ့ နှစ်ရာသီ၊ သုံးရာသီထက်စာရင် သိသိသာသာ တိုးတက်လာခဲ့တယ်။ ဝက်စ်ဟမ်းကတော့ ယုံကြည်လို့မရတဲ့အသင်းမျိုးပါ။ ရလဒ်တွေကြည့်ရင်လည်း ဂိုးပြတ်နိုင်လိုက်၊ ဂိုးပြတ်ရှုံးလိုက်ဖြစ်နေတယ်။ အဲဗာတန်ကို ကြိုက်တယ်။
ဝုလ်ဗ် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၉:၃၀ နာရီ)
ဝုလ်ဗ်က ရလဒ်တွေဆက်တိုက် ဆိုးနေရာက နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာတော့ သရေပွဲတွေ ကစားခဲ့တယ်။ နှစ်ပွဲစလုံး (၂-၂) ရလဒ်တွေ ကစားခဲ့တယ်။ တိုက်စစ်က ဂိုးတွေရလာပြီး ခံစစ်က ဂိုးတွေ လွယ်လွယ်ပေးတုန်းပဲ။ ဆောက်သမ်တန်ကတော့ ဂိုးတွေအရ နည်းပေမယ့် ကစားပုံကောင်းလာတယ်။ ရလဒ်ကောင်းတွေ ပြန်မျှော်လို့ရတဲ့ ခြေစွမ်းမျိုး ဖြစ်လာတယ်။ ဆောက်သမ်တန်ကိုပဲ ကြိုက်တယ်။
ဘရိုက်တန် - မန်စီးတီး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၁၂:၀၀ နာရီ)
မန်စီးတီးက ယုံကြည်မှု အနိမ့်ပါဆုံးအခြေအနေရောက်နေတယ်။ ဘုန်းမောက်ကို ရှုံးခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်မှာလည်း စပို့တင်းလစ္စဘွန်းကို ဂိုးပြတ်ရှုံးခဲ့တယ်။ အခု ဒီပွဲမှာလည်း အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဘရိုက်တန်နဲ့ ဆက်ကစားရမှာ ဖြစ်တယ်။ ဘရိုက်တန်က လက်ရှိအချိန်မှာ ဝုလ်ဗ်ကို သရေကျခဲ့ပြီး၊ လီဗာပူးလ်ကို ရှုံးခဲ့တယ်။ ဒါပေမဲ့ ဝုလ်ဗ်ကို နိုင်ခဲ့ရမှာ ဖြစ်သလို လီဗာပူးလ်နဲ့ ပွဲတုန်းက ကစားခဲ့တဲ့ ခြေစွမ်းကလည်း တော်တော်ကောင်းတယ်။ မန်စီးတီးအသင်းကိုလည်း အိမ်ကွင်းမှာ ဒုက္ခပေးနိုင်မှာ သေချာတယ်။ ဒါ့အပြင် နောက်ပိုင်းနှစ်တွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုရလဒ်တွေကြောင့် ဘရိုက်တန်အသင်း မန်စီးတီးကို အသာရဖို့ကြိုးစားမှာပါ။ လက်ရှိအနေအထားအရ ဘရိုက်တန်ကွင်းမှာ ယုံကြည်မှုကျဆင်းနေတဲ့ မန်စီးတီး ယှဉ်နိုင်ဖို့မလွယ်ဘူး။ ဘရိုက်တန်ကိုပဲ ကြိုက်တယ်။
လီဗာပူးလ် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် နံနက် ၂:၃၀ နာရီ)
လီဗာပူးလ်က ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ အကောင်းဆုံးဖြတ်သန်းမှုကို မြင်နေရတယ်။ အသင်းနည်းပြ အာနယ်ဆလော့လက်ထက်မှာ တစ်သင်းလုံးဟန် ချက်ညီညီလှုပ်ရှားနေပြီး ကာတစ်ဂျုံးစ်ကလည်း တော်တော်လေး အားကိုးလာရတယ်။ အက်စတွန်ဗီလာက ဘုန်းမောက်၊ စပါးတို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းပိုင်း အားနည်းခဲ့တာတွေ့ရတယ်။ လီဗာပူးလ်ပဲ ကြိုက်တယ်။