■ Riyadh Season နှင့် လာလီဂါ စပွန်ဆာစာချုပ် ချုပ်ဆို     

■ Riyadh Season နှင့် လာလီဂါ စပွန်ဆာစာချုပ် ချုပ်ဆို     
Photo: La Liga
Photo: La Liga
Published 11 October 2024

လာလီဂါအဖွဲ့ချုပ်သည် ဆော်ဒီနိုင်ငံမှ ဖျော်ဖြေရေးနှင့် အားကစားအစီအစဉ်တစ်ခုဖြစ်သော Riyadh Season နှင့် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။

    

Riyadh Season သည် ဆော်ဒီနိုင်ငံ၏ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်ရွယ်ထူထောင်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းတို့သည် အောက်တိုဘာမှ မတ်လအတွင်း ဖျော်ဖြေရေးအစီအစဉ်များ၊ အားကစားအစီအစဉ်များကို ပြုလုပ်လေ့ရှိပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ၌ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ် နှင့် အတ္တလန်တာတို့ပါဝင်မည့် စူပါကိုပါအီတာလီယာပြိုင်ပွဲကို ကျင်းပမည်ဖြစ်သည်။ 

ထို့ပြင် ယင်းလအတွင်းမှာပင် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘီလ်ဘာအိုနှင့် မာယော့ကာတို့ ပါဝင်မည့် စပိန်စူပါဖလားပွဲကိုလည်း ကျင်းပမည်ဖြစ် သည်။ 

ယခုအခါ Riyadh Season အနေဖြင့် လာလီဂါနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်သည့်အတွက် လာလီဂါပွဲစဉ်အချို့ကို ဆော်ဒီနိုင်ငံတွင် ယှဉ်ပြိုင်သွားဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လာခဲ့သည်။

    

လာလီဂါသည် Riyadh Season နှင့် (၃) နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ 

လာလီဂါဥက္ကဋ္ဌ တီဘက်စ်သည် ဝင်ငွေများ တိုးမြင့်ရရှိလာရန်အတွက် ယခုကဲ့သို့ စပွန်ဆာစာချုပ်များ ချုပ်ဆိုနေခြင်းကြောင့် ဝေဖန်ပြစ်တင်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

Most Read

Most Recent