၂၀၁၅-၁၆ ရာသီမှစတင်ကာ လာလီဂါဂိုးဖန်တီးမှု အများဆုံးအဖြစ် ဆွာရက်ဇ် ရပ်တည်

၂၀၁၅-၁၆ ရာသီမှစတင်ကာ လာလီဂါဂိုးဖန်တီးမှု အများဆုံးအဖြစ် ဆွာရက်ဇ် ရပ်တည်
Photos: AS
Photos: AS
Published 14 October 2018

 

ဘာစီလိုနာအသင်း၏ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် ၂၀၁၅-၁၆ ရာသီမှစတင်ကာ လာလီဂါပြိုင်ပွဲတွင် ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။

ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၁၁)ပွဲကစားခဲ့ရာ (၃)ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းနှုန်းကျဆင်းနေသည်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ဆွာရက်ဇ်သည် ၂၀၁၅-၁၆ ရာသီမှစတင်ကာ လာလီဂါပြိုင်ပွဲတွင် ဂိုးဖန်တီးမှု (၄၄)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းပမာဏမှာ ယခုရာသီအပါအဝင် နောက်ဆုံး(၄)ရာသီအတွင်း လာလီဂါပြိုင်ပွဲတွင် အများဆုံးဖြစ်ပြီး အသင်းဖော်မက်ဆီ (ဂိုးဖန်တီးမှု ၄၁ ကြိမ်) ထက်ပင် (၃)ကြိမ်အထိ အသာရနေကြောင်း သိရသည်။

မက်ဆီ၏ နောက်တွင် ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ တိုနီကရို့စ်က ဂိုးဖန်တီးမှု (၂၉)ကြိမ်ဖြင့် ရပ်တည်နေသည်။ ဆွာရက်ဇ်သည် ယင်းကာလအတွင်း လာလီဂါတွင် (၁၁၂)ဂိုး သွင်းယူနိုင်ခဲ့သည်။

 

၂၀၁၅-၁၆ ရာသီမှစကာ လာလီဂါတွင် ဂိုးဖန်တီးမှုအများဆုံးကစားသမားများ

ကစားသမား     ဂိုးဖန်တီးမှု

ဆွာရက်ဇ်       ၄၄ ကြိမ်

မက်ဆီ           ၄၁ ကြိမ်

တိုနီကရို့စ်    ၂၉ ကြိမ်

ကိုကေ          ၂၆ ကြိမ်

ဂရီးဇ်မန်း      ၂၅ ကြိမ်

အစ္စကို          ၂၃ ကြိမ်

Most Read

Most Recent