ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲ (၅)ခုကို ယှဉ်ပြိုင်နိုင်ရန်အတွက် နယ်သာလန်လိဂ်နှင့် ဘယ်လ်ဂျီယံလိဂ်တို့ ပူးပေါင်းရန် စီစဉ်

ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲ (၅)ခုကို ယှဉ်ပြိုင်နိုင်ရန်အတွက် နယ်သာလန်လိဂ်နှင့် ဘယ်လ်ဂျီယံလိဂ်တို့ ပူးပေါင်းရန် စီစဉ်
Photo: Daily Mail
Photo: Daily Mail
Published 25 October 2019

နယ်သာလန်အဆင့်မြင့်တန်းလိဂ်ပြိုင်ပွဲနှင့် ဘယ်လ်ဂျီယံဂျူပီတာလိဂ်တို့သည် လာမည့်ရာသီတွင် ပူးပေါင်းကျင်းပနိုင်ရန် စီစဉ်မှုများပြုလုပ်နေပြီး ယင်းကဲ့သို့ စီစဉ်ခြင်း၏ရည်ရွယ်ချက်မှာ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲကြီး (၅)ခုကို ယှဉ်ပြိုင်နိုင်ရန်ဖြစ်သည်ဟု သိရှိရသည်။

လက်ရှိအချိန်တွင် နယ်သာလန်လိဂ်ပြိုင်ပွဲတွင်အသင်း (၁၈) သင်းနှင့် ဘယ်လ်ဂျီယံလိဂ်ပြိုင်ပွဲတွင် အသင်း (၁၆)သင်း ယှဉ်ပြိုင်လျက်ရှိ သည်။ ပြိုင်ပွဲကို ပူးပေါင်းပြီးနောက် Bene Division အမည်ဖြင့် အသင်း (၁၈)သင်းပါ လိဂ်ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး အသင်းခွဲဝေမှုအပါအဝင် အသေးစိတ်ဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ 

နယ်သာလန်နှင့် ဘယ်လ်ဂျီယံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အပြင် သံတမန်ဆက်ဆံရေးကောင်းသည့် မိတ်ဖက်နိုင်ငံများဖြစ်ပြီး ယဉ်ကျေးမှုနှင့် မျိုးနွယ်စုများမှာလည်း နှီးနွယ်နေသဖြင့် မည်သည့်အခက်အခဲမှ တွေ့နိုင်မည်မဟုတ်ဟု တာဝန်ရှိသူများက ယုံကြည်နေကြသည်။ 

ယခင်က နယ်သာလန်လိဂ်ပြိုင်ပွဲနှင့် အဆင့်အတန်းအလွန်ကွာဟသော်လည်း လက်ရှိအချိန်တွင် ဘယ်လ်ဂျီယံဘောလုံးလောကသည် အလွန်တိုးတက်လာခဲ့ရာ ယခုကဲ့သို့ အစီအစဉ်ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ဘယ်လ်ဂျီယံထိပ်သီးကလပ် ဘရုဂေးအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ဗယ်လ်ဟယ်ဂီကလည်း "အကျိုးအမြတ်ဖြစ်ထွန်းမယ်လို့ ယုံကြည် ပါတယ်။ ကျွန်တော်တို့ ဖြစ်နိုင်ရင် လာမယ့်ရာသီမှာပဲ စပေါင်းဖို့ လုပ်နေပါပြီ။ လာမယ့်ရာသီမမီရင် ရှေ့လာမယ့် နှစ်ရာသီမှာတော့ သေချာပါတယ်"ဟု အတည်ပြုခဲ့သည်။ 

Most Read

Most Recent