ပြဿနာမျိုးစုံကြုံတွေ့နေရသည့် အေစီမီလန်အသင်းကို ထိပ်တန်းအဆင့် ပြန်ရောက်လာအောင် မိမိလုပ်နိုင်သည်ဟု အသင်း ပိုင်ရှင်ဟောင်း ဘာလူစကိုနီကြုံးဝါး

ပြဿနာမျိုးစုံကြုံတွေ့နေရသည့် အေစီမီလန်အသင်းကို ထိပ်တန်းအဆင့် ပြန်ရောက်လာအောင် မိမိလုပ်နိုင်သည်ဟု အသင်း ပိုင်ရှင်ဟောင်း ဘာလူစကိုနီကြုံးဝါး
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 16 October 2019

အေစီမီလန်အသင်းသည် ဘာလူစကိုနီ၏ ဦးဆောင်မှုအောက်တွင် ဥရောပထိပ်တန်းကလပ်အသင်းကြီး တစ်သင်းအဖြစ် နှစ်ပေါင်းများစွာရပ်တည်နိုင်ခဲ့သလို၊ လက်ရှိဘောလုံးလောကတွင် ရီးယဲလ်မက်ဒရစ်အပြီးတွင် ချန်ပီယံလိဂ်ဖလားအများဆုံး ရယူထားနိုင်သည့်အသင်းအဖြစ်လည်း ရပ်တည်နေသည်။ 

 

ဘဏ္ဍာရေးပြဿနာ၊ ရလဒ်ပိုင်းပြ ဿနာနှင့် အခြားအရှုပ်အထွေးပေါင်းများစွာကြုံတွေ့နေရသည့် အေစီမီလန်အသင်းအား အရင်လိုထိပ်တန်းအဆင့်မျိုးပြန်ဖြစ်လာအောင် မိမိလုပ်နိုင်သည်ဟု အီတလီနိုင်ငံဝန်ကြီး ချုပ်ဟောင်းနှင့် အေစီမီလန်အသင်း ပိုင်ရှင်ဟောင်း ဘာလူစကိုနီက ပြောကြားခဲ့သည်။

အေစီမီလန်အသင်းသည် ဘာလူစကိုနီ၏ ဦးဆောင်မှုအောက်တွင် ဥရောပထိပ်တန်းကလပ်အသင်းကြီး တစ်သင်းအဖြစ် နှစ်ပေါင်းများစွာရပ်တည်နိုင်ခဲ့သလို၊ လက်ရှိဘောလုံးလောကတွင် ရီးယဲလ်မက်ဒရစ်အပြီးတွင် ချန်ပီယံလိဂ်ဖလားအများဆုံး ရယူထားနိုင်သည့်အသင်းအဖြစ်လည်း ရပ်တည်နေသည်။ 

ဘာလူစကိုနီက ]]အတိတ်က မီလန်အသင်းလို အောင်မြင်မှုတွေကို ပြန်လိုချင်တယ်ဆိုရင် လုပ်စရာတစ်ခုပဲရှိပါတယ်။ ဒါက ရိုးရိုးလေးပါ။ မီလန်အသင်းကို ဘာလူစကိုနီလက်ထဲကို ပြန်ထည့်လိုက်ရုံပါပဲ။ ဒါပေမဲ့ ဒီလိုလုပ်ဖို့အတွက် လက်ရှိအချိန်မှာ အခက်အခဲတွေလည်းရှိပါလိမ့်မယ်}}ဟု ပြောကြားခဲ့သည်။

ဘာလူစကိုနီသည် အေစီမီလန်အသင်းနှင့်အတူ အောင်မြင်မှုများစွာရယူခဲ့ပြီးနောက် အသင်းကို ရောင်းချခဲ့သူဖြစ်ပြီး ယခုအခါ အသင်းငယ်လေးတစ်သင်းဖြစ်သည့် မွန်ဇာအသင်း ကို ဝယ်ယူထားသည်။ 

 

Most Read

Most Recent