ကိုပါအမေရိကပြိုင်ပွဲမှာ မက်ဆီအတွက် လက်ရွေးစင်ဘဝ နောက်ဆုံးပြိုင်ပွဲမဖြစ်နိုင်ဟု လီဆန်ဒရိုမာတီနက်ဇ် သုံးသပ်

ကိုပါအမေရိကပြိုင်ပွဲမှာ မက်ဆီအတွက် လက်ရွေးစင်ဘဝ နောက်ဆုံးပြိုင်ပွဲမဖြစ်နိုင်ဟု လီဆန်ဒရိုမာတီနက်ဇ် သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 8 June 2024

 

အာဂျင်တီးနားအသင်းနောက်ခံလူ လီ ဆန်ဒရိုမာတီနက်ဇ်က ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ အသင်းခေါင်းဆောင် မက်ဆီအတွက် လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲမဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မက်ဆီသည် လာမည့် ဇွန် ၂၄ ရက်တွင် အသက် ၃၇ နှစ်ပြည့်မြောက်မည်ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်၌ ၃၉ နှစ်အထိ ရှိနေမည်ဖြစ်သောကြောင့် ပါဝင်ကစားဖြစ်ရန် မလွယ်ကူကြောင်း ပြောကြားထားဖူးသည်။ 

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီကမူ မက်ဆီအနေဖြင့် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို သုံးနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားနိုင်မည် ဟု ယုံကြည်ကြောင်း ထောက်ခံပြောကြားထားသည်။ ထို့ပြင် ကိုပါအမေရိကပြိုင်ပွဲအတွက် အမေရိကန်နိုင်ငံ၌ လေ့ကျင့်မှုပြုလုပ်နေသည့် လီဆန်ဒရိုမာတီနက်ဇ်ကလည်း မက်ဆီ၏ လက်ရွေးစင်ကစားသမားဘဝ အနာဂတ်နှင့် ပတ်သက်၍ ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

"သူက အရမ်းတည်ငြိမ်ပါတယ်။ သူက နေ့စဉ်နဲ့အမျှ ပျော်နေတယ်ဆိုတာထက် ပိုပါတယ်။ ဒီနေရာက အရမ်းလှပပါတယ်။ ကျွန်တော်တို့အားလုံးမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ တစ်ယောက်ရှိတဲ့အခါ တစ်ယောက်က အရမ်းပျော်ရပါတယ်။ ကျွန်တော်တို့ အိမ်ရောက်နေသလို ခံစားရပါတယ်။ အဲဒါက အရေးကြီးပါတယ်။ ဒါက အာဂျင်တီးနားအတွက် သူ့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်မယ်လို့ ကျွန်တော်တို့မထင်ပါဘူး။ သူပျော်နေတာ မြင်ရပြီး အထင်ကြီးလောက်စရာအဆင့်မျိုးလည်း ကစားနိုင်ပါသေးတယ်။ ကျွန်တော် ပြောနိုင်တာ ဒီလောက်ပါပဲ" ဟု လီဆန်ဒရို မာတီနက်ဇ်က ပြောကြားခဲ့သည်။

ကိုပါအမေရိကပြိုင်ပွဲကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၁၄ ရက်အထိ အမေရိကန်နိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent