ပိုချက်တီနိုကို ရာထူးမှထုတ်ပယ်ပါက ပေါင်(၃၂)သန်းအထိလျော်ကြေး ပေးရမည်ဖြစ်သဖြင့် စပါးအသင်း ထုတ်ပယ်ရန်စိတ်မဝင်စား

ပိုချက်တီနိုကို ရာထူးမှထုတ်ပယ်ပါက ပေါင်(၃၂)သန်းအထိလျော်ကြေး ပေးရမည်ဖြစ်သဖြင့် စပါးအသင်း ထုတ်ပယ်ရန်စိတ်မဝင်စား
Photo: Getty Images
Photo: Getty Images
Published 4 October 2019

စပါးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဒန်နီယဲလ်လီဗိုင်းသည် ပိုချက်တီနိုကို ရာထူးမှထုတ်ပယ်ပါက လျော်ကြေးပေါင် (၃၂)သန်းအထိ ပေးချေရမည်ဖြစ်သဖြင့် ထုတ်ပယ်ရန် စိတ်မဝင်စားကြောင်း အသင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက Daily Mail ကို အတည်ပြုကြောင်း သိရှိရသည်။

ပိုချက်တီနို၏ ရာထူးနှင့်ပတ်သက်၍ သတင်းမျိုးစုံထွက်ပေါ်နေသော်လည်း ယင်းသတင်းများမှာ အခြေအမြစ်မရှိကြောင်း၊ ပိုချက်တီနိုနှင့် လမ်းခွဲရန် စပါးအသင်းက ဆန္ဒမရှိသလို၊ ရာထူးမှထုတ်ပယ်ပါက ပေးရမည့်လျော်ကြေးငွေလည်း ရှိနေသဖြင့် စပါး အသင်းဘက်ကသာ နစ်နာမှုများရှိနေမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ 

ပိုချက်တီနိုသည် ပြီးခဲ့သည့်ရာသီကတည်းက ဥရောပထိပ်တန်းအသင်း ကြီးများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်ပြီး စပါးအသင်းက ၎င်းကို အသင်းတွင် ဆက်ထိန်းထားနိုင်ရန်အတွက် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရခြင်းဖြစ်သည်။ 

ယခုရာသီတွင် ကြုံတွေ့နေသည့် ရလဒ်ဆိုးများကြောင့် အသင်းအပါ် တာဝန်ရှိသူများက အားရကျေနပ်မှုမရှိသည့်တိုင် ပိုချက်တီနို၏ စွမ်းဆောင်ရည်ကြောင့်သာ ယခုကဲ့သို့ ထိပ်တန်းကလပ်အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်သည်ဟုလည်း တာဝန်ရှိသူများက လက်ခံထားဆဲဟု သတင်းများထွက်ပေါ်နေသည်။

လက်ရှိအချိန်တွင် ပိုချက်တီနို အဓိကစိုးရိမ်ရမည်မှာ ရာထူးနေရာအတွက်မဟုတ်ဘဲ ကလပ်အသင်းတွင်း စုစည်းမှုအားနည်းနေခြင်းကို ပြန်လည်တည့်မတ်ရန်သာဖြစ်ပြီး၊ စပါးအသင်းတာဝန်ရှိသူများအနေဖြင့်လည်း ပိုချက်တီနိုလိုနည်းပြမျိုးကို ဆုံးရှုံးရမည့်အပြင် ပေါင်(၃၂)သန်းကိုလည်း အကုန်မခံနိုင်ကြောင်း သိရှိရသည်။ 

Most Read

Most Recent