အီတလီစီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 29 September 2019

နာပိုလီ - ဘရက်စီယာ (တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညနေ ၅းဝ၀ နာရီ)

ဂျူဗင်တပ်စ်နဲ့ပွဲမှာ ဘရက်စီယာအတွက် ဘာလိုတယ်လီ ပထမဆုံးပွဲထွက်ကစားခဲ့ပြီး ဂိုးကန်သွင်းခွင့် (၈)ကြိမ်အထိရခဲ့ ပေမယ့် ဂိုးကံခေခဲ့ပါတယ်။ ဒီပွဲမှာလည်း ဘာလိုတယ်လီက အ သင်းဖော် ဒွန်နာရမ်မာနဲ့ တွဲဖက်ပြီး နာပိုလီခံစစ်ကို ခြိမ်းခြောက် နိုင်ဦးမယ်ထင်တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ကစားပုံပိုကောင်းပြီး  ဂိုးတွေပိုသွင်းနိုင်လေ့ရှိတဲ့ နာပိုလီရဲ့ ကစားဟန်ကို ဘရက်စီ ယာထိန်းနိုင်မှာမဟုတ်ဘူး။ နာပိုလီ (၂)ဂိုးပြတ်နိုင်မယ်။

လာဇီယို - ဂျီနိုအာ (တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ရး၃၀ နာရီ)

အဝေးကွင်းမှာ ဂျီနိုအာရဲ့ ခံစစ်စည်းမလုံခြုံပါဘူး။ တိုက် စစ်က  ကူယာမီ ဂိုးတွေသွင်းနိုင်ပေမယ့် ခံစစ်မလုံခြုံမှုကြောင့်  အမှတ်တွေဆုံးရှုံးနေပါတယ်။ လာဇီယိုကွင်းမှာလည်း ဂျီနိုအာ တစ်မှတ်ထက်ပိုပြီး မျှော်လင့်လို့မရပါဘူး။ လာဇီယိုက ခြေစွမ်း မတည်ငြိမ်ပေမယ့် အိမ်ကွင်းမှာ နိုင်ပွဲရအောင်ဂရုစိုက်ကစား လေ့ရှိပါတယ်။ အယ်လ်ဘာတို၊ အီမိုဘီလီတို့ရဲ့ တွဲလုံးတွေကို  ဂျီနိုအာထိန်းနိုင်မှာမဟုတ်ဘူး။ လာဇီိယိုနဲ့ ဂိုးအများပါပဲ။

လက်ချီ - ရိုးမား (တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ရး၃၀ နာရီ)

နည်းပြသစ် ဖွန်ဆီကာရဲ့ ရိုးမားအသင်းက လမ်းကြောင်း မှန်ပေါ် ပြန်ရောက်လာပုံပါပဲ။ ဂျက်ကို၊ ကိုလာရော့ဗ်တို့လို ၀ါရင့် တွေ၊ လူငယ်သွေးသစ်တွေနဲ့ ကစားသမားသစ်တွေကြား နား လည်မှုပိုရှိလာပြီး ဂိုးသွင်းနှုန်းလည်း မြင့်တက်လာပါတယ်။ ဒါ ပေမဲ့ ခံစစ်ကဂိုးတွေခပ်လွယ်လွယ်ပေးနေလို့ အိမ်ကွင်းမှာ ရုန်း ကန်ကစားမယ့် လက်ချီ တစ်ဂိုးလောက်ရသွားနိုင်တယ်။ ရိုးမား နဲ့ ဂိုးအများဖြစ်လာနိုင်တယ်။  

အူဒီးနီးစ် - ဘိုလော့ဂ်နာ (တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ရး၃၀ နာရီ)

အူဒီးနီးစ်က ဂိုးမိုးခေါင်ခြင်းနေ့ရက်တွေထဲ ကျင်လည်နေ ရဆဲပဲ။ ဖန်တီးမှုနိမ့်ကစားပုံနဲ့အတူ ကစားပုံစွဲမက်ဖွယ်ရာမရှိဘဲ ဒီရာသီအိမ်ကွင်းပွဲစဉ် (၂)ပွဲစလုံးရှုံးနိမ့်ထားပါတယ်။ ဘိုလော့ဂ် နာ အမှတ်မျှော်လင့်ခွင့်ရှိပါတယ်။

ကာဂလီယာရီ - ဗီရိုနာ (တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁ဝး၃၀ နာရီ)

အိမ်ကွင်းနောက်ဆုံးပွဲမှာ နောက်ကျဂိုးတွေနဲ့ ကာဂလီ ယာရီ ဂိုးပြတ်နိုင်ပွဲရထားပါတယ်။ ဗီရိုနာက အဝေးကွင်းမှာ ခံ စစ်ဦးစားပေးပြီး အမှတ်ရအောင်ရုန်းကန်လေ့ရှိလို့ ကာဂလီယာ ရီ သတိထားရမယ်။ ကာဂလီယာရီနဲ့ ဂိုးအနည်းဖြစ်နိုင်တယ်။

အေစီမီလန် - ဖီအိုရင်တီးနား (တနင်္လာနေ့ မြန်မာစံတော်ချိန် နံနက် ၁း၁၅ နာရီ)

အေစီမီလန်ကွင်းလယ်နဲ့တိုက်စစ်ပိုင်းက ကစားသမား သစ်တွေအသားမကျသေးလို့ ဂိုးရဖို့ခက်နေပါတယ်။ တိုရီနိုနဲ့ ပွဲ မတိုင်မီအထိ အေစီမီလန် (၂)ဂိုးသာသွင်းယူထားနိုင်တယ်။ ဖီ အိုရင်တီးနားကလည်း တိုက်စစ်မတည်ငြိမ်ပေမယ့် အေစီမီလန် ထက် ဂိုးတွေပိုသွင်းထားနိုင်သလို၊ ရီဘာရီ၊ ဘိုတန်တို့က အခွင့် အရေးတွေကို အသုံးချနိုင်စွမ်းမြင့်မားပါတယ်။  အဝေးကွင်းနှစ်ပွဲ စလုံး ဖီအိုရင်တီးနား နိုင်ပွဲမရသေးပေမယ့် ဒီပွဲမှာတစ်မှတ်မျှော် လင့်ခွင့်ရှိပါတယ်။ နှစ်သင်းပေါင်းဂိုး (၃)ဂိုးအနည်းဆုံးရှိပါမယ်။

 

 

Most Read

Most Recent