ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်သည် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်များ၌ နောက်ဆုံး (၄) အတွင်း ပြိုင်ဘက်အသင်းများကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်သည် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်များ၌ နောက်ဆုံး (၄) အတွင်း ပြိုင်ဘက်အသင်းများကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
အသက် (၃၂)နှစ်ရှိ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်သည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလက ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ် ရိုးမား (၁-၁)ဘာစီလိုနာပွဲစဉ်တွင် အသင်းအတွက် အဝေးကွင်း၌နောက်ဆုံးဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဆွာရက်ဇ်သည် ပြီးခဲ့သည့် (၃)နှစ်တာကာလအတွင်းတွင်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဘာစီလိုနာအတွက် (၂၉)ပွဲကစားကာ (၆) ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ယင်းဂိုးအားလုံးမှာ အိမ်ကွင်း၌ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ဆွာရက်ဇ်သည် ဘာစီလိုနာကစားသမားဘဝတွင် ချန်ပီယံလိဂ် (၄၈) ပွဲကစားရာ ဂိုး (၂၀) သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာသည် ယနေ့ညတွင် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းကို ဂျာမန်မြေ၌ ရင်ဆိုင်ရမည်ဖြစ်သည်။