ဝက်စ်ဟမ်းကွင်းလယ်လူ ပါကေတာ လောင်းကစားပြုလုပ်မှု စွဲချက်အတွက် စစ်ဆေးရန် ဘရာဇီးလ်လွှတ်တော်သို့ ဆင့်ခေါ်ခံထားရပြီး တစ်သက်တာပွဲပယ်ပြစ်ဒဏ်အထိ ကျခံရနိုင်

ဝက်စ်ဟမ်းကွင်းလယ်လူ ပါကေတာ လောင်းကစားပြုလုပ်မှု စွဲချက်အတွက် စစ်ဆေးရန် ဘရာဇီးလ်လွှတ်တော်သို့ ဆင့်ခေါ်ခံထားရပြီး တစ်သက်တာပွဲပယ်ပြစ်ဒဏ်အထိ ကျခံရနိုင်
Photo: Goal.com
Photo: Goal.com
Published 2 November 2024

 

ဝက်စ်ဟမ်းအသင်း ကွင်းလယ်တိုက်စစ်ကစားသမား လူးကပ်စ်ပါကေတာသည် လောင်းကစားပြုလုပ်မှုစွဲချက်အတွက် စစ်ဆေးရန် ဘရာဇီးလ်လွှတ်တော်သို့ ဆင့်ခေါ်ခံထားရကြောင်း သိရသည်။

ပါကေတာ (၂၇ နှစ်) သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာမှ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း လက်စတာ၊ ဗီလာ၊ လိဒ်စ်၊ ဘုန်းမောက်အသင်း တို့နှင့်တွေ့ဆုံသည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အဝါကတ်ပြခံရစေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး ယခုနှစ် မေ ၂၄ ရက်တွင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က စွဲချက်လေးခုဖြင့် တရားစွဲဆိုထားသည်။ 

ထို့ပြင် မိခင်နိုင်ငံရှိ ဘရာဇီးလ်တွင်လည်း စုံစမ်းစစ်ဆေးမှုခံနေရပြီး ယခုတစ်ပတ်တွင်  ဘရာဇီးလ်လွှတ်တော်သို့သွားရောက်၍ ကြားနာစစ်ဆေးမှုခံယူရန် ဆင့်ခေါ်ခံထားရသည်။ သို့သော် ၎င်း၏ရှေ့နေအဖွဲ့က ဆင့်ခေါ်မှုကို ရွှေ့ဆိုင်းရန် ကြိုးပမ်းရာ အောင်မြင်မှုရခဲ့ပြီး ဒီဇင်ဘာ ၃ ရက်မှသာ သွားရောက်ရမည်ဖြစ်သည်။ 

ပါကေတာအနေဖြင့် ဆော်ပေါ်လိုမြို့သို့ သွားရောက်၍ အားကစားနှင့် ဂိမ်းပြိုင်ပွဲများ လောင်းကစားခြင်းအပေါ် လွှမ်းမိုးခြယ်လှယ်ခြင်းအတွက် လွှတ်တော်စုံစမ်းရေးကော်မရှင်၏ စစ်ဆေးမေးမြန်းမှု ခံယူရမည်ဖြစ်သည်။     ၎င်းကမူ စွဲချက်များအားလုံးကို ငြင်းဆန်ထားပြီး FA အနေဖြင့် အဆိုပါအမှုအား စစ်ဆေးမှုများပေါက်ကြားခြင်းအတွက် စုံစမ်းစစ်ဆေးသင့်ကြောင်း ပြီးခဲ့သည့်လအတွင်း တုံ့ပြန်ပြောကြားထားသည်။ 

ပါကေတာသည် စွဲချက်များအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက တစ်သက်တာပွဲပယ်ပြစ်ဒဏ်ချမှတ် ခံရနိုင်ကြောင်း သိရသည်။

Most Read

Most Recent