ဥရောပတွင် အသင်းတိုင်းကို ယှဉ်ပြိုင်နိုင်ဟု အာတီတာ ကြုံးဝါး

ဥရောပတွင် အသင်းတိုင်းကို ယှဉ်ပြိုင်နိုင်ဟု အာတီတာ ကြုံးဝါး
Photo: UEFA
Photo: UEFA
Published 3 October 2024

အာဆင်နယ်နည်းပြ အာတီတာက မိမိတို့အသင်းအနေဖြင့် ဥရောပတွင် အသင်းတိုင်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း PSG နှင့်ပွဲအပြီးတွင် ကြုံးဝါးပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် အင်္ဂါညက ကစားခဲ့သည့် ချန်ပီယံလိဂ် League Phase ပွဲစဉ် (၂) တွင် ပြင်သစ်ထိပ်သီး PSG အသင်းကို အိမ်ကွင်းတွင် (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲအပြီးတွင် အာဆင်နယ်နည်းပြ အာတီတာက ''ဒီပွဲက ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို တိုးစေပြီး ဥရောပမှာ ဘယ်အသင်းကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိတယ်လို့ ခံစားရစေပါတယ်။ ချန်ပီယံလိဂ်ပွဲတွေက ပရီးမီးယားလိဂ်နဲ့ ကစားပုံတော်တော်လေး ခြားနားပါတယ်။ PSG နဲ့ပွဲမှာ ရင့်ကျက်မှု ပြသနိုင်ခဲ့ပြီး ဥရောပထိပ်တန်းအသင်းလို ကစားနိုင်ခဲ့ပါတယ်''ဟု ဆိုခဲ့သည်။ 

အာဆင်နယ်အသင်းသည် ယခုရာသီတွင် ပြိုင်ပွဲစုံ(၉)ပွဲ ယှဉ်ပြိုင်ကစားထားရာတွင် (၆)ပွဲနိုင်၊ (၃)ပွဲသရေကျပြီး ရှုံးပွဲမရှိသေးပေ။

Most Read

Most Recent