လူမျိုးရေးခွဲခြားမှုအတွက်ဆောက်ဂိတ်၏မှတ်ချက်ကို ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် တုံ့ပြန်

လူမျိုးရေးခွဲခြားမှုအတွက်ဆောက်ဂိတ်၏မှတ်ချက်ကို ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် တုံ့ပြန်
Photos: Getty Images
Photos: Getty Images
Published 15 September 2019

ပြီးခဲ့သည့်ရက်သတ္တပတ်က ဝင်ဘလေကွင်း၌ကျင်းပသည့် အင်္ဂလန်-ဘူလ်ဂေးရီးယား ယူရိုခြေစစ် ပွဲတွင် အဝေးကွင်းပရိသတ်တစ်ဦးသည် အင်္ဂလန်ကစားသမား စတာလင်ကို လူမျိုးရေးခွဲခြားမှုပြုလုပ်သဖြင့် ပထမပိုင်းအပြီးတွင် ကွင်းအတွင်းမှထုတ်ပယ်၍ ခေတ္တဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ 

 

ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် (BFU) သည် ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုနှင့်ပတ်သက်၍ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်၏ မှတ်ချက်စကားအတွက် တုံ့ပြန်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် (FA) နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)  ထံလည်း ကန့်ကွက်တိုင်ကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က ဝင်ဘလေကွင်း၌ကျင်းပသည့် အင်္ဂလန်-ဘူလ်ဂေးရီးယား ယူရိုခြေစစ် ပွဲတွင် အဝေးကွင်းပရိသတ်တစ်ဦးသည် အင်္ဂလန်ကစားသမား စတာလင်ကို လူမျိုးရေးခွဲခြားမှုပြုလုပ်သဖြင့် ပထမပိုင်းအပြီးတွင် ကွင်းအတွင်းမှထုတ်ပယ်၍ ခေတ္တဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ 

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဆောက်ဂိတ်က အောက်တိုဘာတွင်ပြန်လည်ကစားရမည့် အဝေးကွင်းပွဲ၌ လူမျိုးရေးခွဲခြားမှုဖြစ်ရပ် ကြုံတွေ့ရနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ဘူလ်ဂေးရီးယားတွင် လူမျိုးရေးခွဲ ခြားမှုဖြစ်ရပ်များ ဖြစ်ပွားဖူးသည့် အစဉ်အလာရှိကြောင်း သုံးသပ်ပြောကြားရာ  BFU ဥက္ကဋ္ဌ မီဟေးလော့ဗ်က ပရိသတ်များကို လူသိရှင်ကြားဝေဖန်မှုအတွက် FA နှင့် UEFA ထံ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။