အသက် (၅၈)နှစ်ရှိ မာရာဒိုနာသည် အာဂျင်တီးနားအသင်းကို ၂၀၀၈မှ ၂၀၁၀ ခုနှစ်အထိ ကိုင်တွယ်ခဲ့စဉ်အတွင်း မက်ဆီနှင့်လက်တွဲခဲ့ဖူးသူဖြစ်သည်။
အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာက ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီအား မည်သို့ဂိုးသွင်းရမည်ကို သင်ကြားပေးခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၅၈)နှစ်ရှိ မာရာဒိုနာသည် အာဂျင်တီးနားအသင်းကို ၂၀၀၈မှ ၂၀၁၀ ခုနှစ်အထိ ကိုင်တွယ်ခဲ့စဉ်အတွင်း မက်ဆီနှင့်လက်တွဲခဲ့ဖူးသူဖြစ်သည်။ မာရာဒိုနာက မက်ဆီ၏ဖရီးကစ်စွမ်းရည်ကို မိမိမသင်ကြားခဲ့သော်လည်း မည်သို့ ဂိုးသွင်းရမည်ကိုမူ သင်ကြားပေးခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

မာရာဒိုနာက "မက်ဆီကို ကျွန်တော်အကောင်းဆုံး သင်ကြားပြသခဲ့တယ်။ ဒါကို ကျွန်တော်ကလွဲပြီး ဘယ်သူမှမပြောနိုင်ပါဘူး။ သူက ကစားသမား (၅)ယောက်လောက်ကို လိမ်ခေါက်နိုင်တာကိုကြည့်ရင် သိနိုင်ပါတယ်။ ဖရီးကစ်နဲ့ပတ်သက်ပြီး သူ့ကို သင်ကြားခဲ့တာမရှိပေမယ့် ဂိုးဘယ်လိုသွင်းရမလဲဆိုတာကိုတော့ ကျွန်တော်သင်ပေးခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။















