ဘန်လေအသင်းသို့ အငှားသွား ရောက်ကစားနေသော ချယ်လ်ဆီးကွင်းလယ်လူ ဒရင့်ဝါတာ (၂၉ နှစ်) သည် မန် ချက်စတာမြို့ရှိ နိုက်ကလပ်တစ်ခုပြင်ပ တွင် လူတစ်စု၏ တိုက်ခိုက်မှုကို ခံခဲ့ရ ကြောင်း သိရှိရသည်။
ပြီးခဲ့သည့်တနင်္ဂနွေနေ့၊ နံနက်အစောပိုင်းက ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒရင့်ဝါတာသည် League Two ကလပ် စကန်သော့ပ်အသင်းမှ ကစားသမားတစ်ဦးဖြစ်သူ ကေဂိုဆီ၏ ရည်းစားဖြစ်သူအား နေအိမ်သို့ ခေါ်ယူရန် ကြိုးပမ်းခဲ့ရာမှ လူ(၆)ဦးက သူ့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်သူများထဲမှ တစ်ဦးက ''သူ့ရဲ့ ခြေတွေကို ချိုးပစ်''ဟု အော်ဟစ်ပြီး ၎င်း၏ခြေထောက်ကို အဓိကတိုက်ခိုက်ခဲ့ ကြကြောင်း သိရှိရသည်။
၎င်းတို့၏ ကန်နင်းမှုကြောင့် ဒရင့် ၀ါတာမှာ ခြေချင်းဝတ်အရွတ်စုတ်ပြဲသွား ခဲ့ပြီး အနည်းဆုံး ရက်သတ္တပတ် (၄)ပတ် ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။
မျက်မြင်တွေ့မြင်သူတစ်ဦးက ''သူ (ဒရင့်ဝါတာ) ကို ပရီးမီးယားလိဂ် ဘောလုံးသမားတစ်ဦးလို့ တိုက်ခိုက်သူတွေက သိနေကြပါတယ်။ ဒါကြောင့် သူ့ ခြေထောက်တွေကို အဓိကထားပြီး ကန်နင်းခဲ့ကြပါတယ်။ သွေးတွေကတော့ မြင် မကောင်းအောင်ပါပဲ''ဟု ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်ဖြစ်ပွားပြီးနောက် ဘန်လေနည်းပြ ရှောင်ဒိုက်သည် ဒရင့်ဝါတာ၏အနာဂတ်နှင့်ပတ်သက်၍ တွေ့ ဆုံဆွေးနွေးရန် စီစဉ်နေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။