ယူရို-၂၀၂၀ ခြေစစ်ပွဲများ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၀ ခြေစစ်ပွဲများ ပွဲကြိုသုံးသပ်ချက်
Published 9 September 2019

အဇာဘိုင်ဂျန် နှင့် ခရိုအေးရှား (တနင်္လာည ၁ဝး၃၀ နာရီ)

အဇာဘိုင်ဂျန်က ဒီအုပ်စုမှာ အားအနည်းဆုံးနဲ့ အလွယ်ကူဆုံးပြိုင်ဘက်ပါ။ အဝေးကွင်းဆိုပေမယ့် ခရိုအေးရှား ဂိုးပြတ်အနိုင်ကစားလိမ့်မယ်။

မြောက်အိုင်ယာလန် နှင့် ဂျာမနီ (အင်္ဂါနံနက် ၁း၁၅ နာရီ)

ဂျာမနီက ဒီပွဲမတိုင်ခင် နယ်သာလန်နဲ့ ကစားထားရမှာ ဖြစ်ပြီး နောက်ထပ်ပွဲကျပ်တစ်ပွဲကို ထပ်ကစားရမှာဖြစ်တယ်။ မြောက်အိုင်ယာလန်က အသင်းငယ်(၂)သင်းစီက (၁၂)မှတ်ယူထားပြီး လက်ကျန်(၄)ပွဲကတော့ သေရေးရှင်ရေးတွေချည်းပါပဲ။ သရေမျှော်ကစားရမှာဖြစ်ပေမယ့် ဂျာမနီပဲ အနိုင်ရလိမ့်မယ်။

အက်စ်တိုးနီးယား နှင့် နယ်သာလန်(အင်္ဂါနံနက် ၁း၁၅ နာရီ)

မြောက်အိုင်ယာလန်နဲ့ ဂျာမနီတို့ ထိပ်တိုက်တွေ့နေတဲ့အ ချိန်မှာ နယ်သာလန်က အမှားခံမှာမဟုတ်ဘူး။ အက်စ်တိုနီးယား က အုပ်စုတွင်း အားအနည်းဆုံးအသင်းဖြစ်ပြီး နယ်သာလန်ကို ဒုက္ခပေးနိုင်မယ့် အနေအထားမှာမရှိဘူး။ နယ်သာလန် အနိုင်ယူလိမ့်မယ်။ ဂိုးလည်း ပြတ်သွားနိုင်တယ်။

စကော့တလန် နှင့် ဘယ်လ်ဂျီယံ (အင်္ဂါနံနက် ၁း၁၅ နာရီ)

စကော့တလန်က ရုရှားနဲ့့ပွဲကျပ်ကစားပြီးနောက် ပိုခက်ခဲတဲ့ပွဲနဲ့ ရင်ဆိုင်ရတော့မယ်။ ဘယ်လ်ဂျီယံက ဒီပွဲမတိုင်ခင် အရမ်းလွယ်ကူတဲ့ပွဲတစ်ပွဲကို သက်သောင့်သက်သာ ကစားထားမှာဖြစ်ပြီး ပွဲပန်းနိုင်တဲ့ပြဿနာလည်းမရှိဘူး။ ခြေစွမ်းအရလည်း အရမ်းကွာခြားနေလို့ ဘယ်လ်ဂျီယံ နိုင်ပွဲဆက်ဦးမှာပဲ။

ပိုလန် နှင့် သြစတြီးယား (အင်္ဂါနံနက် ၁း၁၅ နာရီ)

ပထမအကျော့ သြစတြီးယားကွင်းမှာ ပိုလန်အနိုင်ရခဲ့သလို ဒီပွဲမှာလည်း နိုင်ပွဲထပ်ယူဦးမှာပါ။ ဂိုးတော့ မပြတ်လောက်ဘူး။

အခြားပွဲစဉ်များ

ဟန်ဂေရီ နှင့် ဆလိုဗက်ကီးယား (အင်္ဂါနံနက် ၁း၁၅ နာရီ)

ဆလိုဗေးနီးယား နှင့် အစ္စရေး (အင်္ဂါနံနက် ၁း၁၅ နာရီ)

လတ်ဗီးယား နှင့် မက်ဆီဒိုးနီးယား (အင်္ဂါနံနက် ၁း၁၅ နာရီ)

ဆန်မာရီနို     နှင့် ဆိုက်ပရပ်စ် (အင်္ဂါနံနက် ၁း၁၅ နာရီ)

ရုရှား နှင့် ကာဇက်စတန် (အင်္ဂါနံနက် ၁း၁၅ နာရီ)

Most Read

Most Recent