ကြံ့ခိုင်မှုပိုင်းကိုအာရုံစိုက်လေ့ကျင့်ရန်အတွက် အိုင်ဗရီကို့စ်လူစာရင်းမှ ပေပေ နုတ်ထွက်ခဲ့

ကြံ့ခိုင်မှုပိုင်းကိုအာရုံစိုက်လေ့ကျင့်ရန်အတွက် အိုင်ဗရီကို့စ်လူစာရင်းမှ ပေပေ နုတ်ထွက်ခဲ့
Photos: Getty Images
Photos: Getty Images
Published 7 September 2019

အာဆင်နယ်အသင်းတောင်ပံကစားသမား နီကိုးလက်စ်ပေပေသည် ကြံ့ခိုင်မှုပိုင်းကိုအာရုံစိုက်လေ့ကျင့်ရန်အတွက် အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ကာ လန်ဒန်သို့ပြန်လာခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းတောင်ပံကစားသမား နီကိုးလက်စ်ပေပေသည် ကြံ့ခိုင်မှုပိုင်းကိုအာရုံစိုက်လေ့ကျင့်ရန်အတွက် အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ကာ လန်ဒန်သို့ပြန်လာခဲ့ကြောင်း သိရသည်။

အသက် (၂၄)နှစ်ရှိ ပေပေသည် စက်တင်ဘာ(၇)ရက်က ကစားခဲ့သည့် ဘီနင်နှင့်ပွဲ၊ စက်တင်ဘာ (၁၀)ရက်တွင် ကစားမည့် တူနီးရှားတို့နှင့်ပွဲတို့အတွက် အိုင်ဗရီကို့စ်အသင်းလူစာရင်းတွင် ရွေးချယ်ခံခဲ့ရသော်လည်း အာဆင်နယ်နှင့်အိုင်ဗရီကို့စ်တို့၏သဘောတူညီချက်ဖြင့် လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပေပေအနေဖြင့် အာဆင်နယ်အသင်းနှင့်ပြန်လည်ပူးပေါင်းကာ နိုင်ငံတကာရက်သတ္တပတ်အတွင်း ကြံ့ခိုင်မှုပိုမိုတိုးတက်လာရန် ပြုလုပ်သွားမည်ဖြစ်သည်။ 

ပေပေသည် ယခုနွေရာသီတွင် လိုင်လီအသင်းမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် (၇၂)သန်းဖြင့် အာဆင်နယ်အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကြောင့် အသင်းနှင့်ပူးပေါင်းချိန်နောက်ကျခဲ့ရသည်။ ပေပေသည် လက်ရှိအချိန်တွင် အာဆင်နယ်အသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသော်လည်း စက်တင်ဘာ (၁၅)ရက်တွင် ကစားမည့် ဝက်ဖို့ဒ်အသင်းနှင့်အဝေးကွင်းပွဲစဉ်တွင်မူ ပထမဆုံးဂိုးသွင်းယူနိုင်ရန် ပစ်မှတ်ထားနေ ကြောင်း သိရသည်။ 

Most Read

Most Recent