ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီတွင် စံချိန်တင်အမြတ်ငွေရရှိခဲ့ကြောင်း ဘိုင်ယန်မြူးနစ်အသင်း ကြေညာ

ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီတွင် စံချိန်တင်အမြတ်ငွေရရှိခဲ့ကြောင်း ဘိုင်ယန်မြူးနစ်အသင်း ကြေညာ
Photo: Getty Images
Photo: Getty Images
Published 5 September 2019

ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက စံချိန်တင်အမြတ်ငွေရရှိခဲ့ကြောင်း စက်တင်ဘာလ (၄) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ 

ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက စံချိန်တင်အမြတ်ငွေရရှိခဲ့ကြောင်း စက်တင်ဘာလ (၄) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ 

    

ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့ သည့်ရာသီက စံချိန်တင်ဝင်ငွေတစ်ရပ်ဖြစ် သည့် ယူရို (၇၅၀.၄)သန်းအထိ ရရှိခဲ့ပြီး အခွန်ဆောင်ပြီး အသားတင်အမြတ်ငွေ ယူရို (၅၂.၅) သန်းရရှိခဲ့ကြောင်း သိရသည်။ 

ယင်းမှာ ၂၀၁၇-၁၈ ရာသီ အသားတင်အမြတ်ငွေနှင့် နှိုင်းယှဉ်မည်ဆိုလျှင် (၇၈) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းဒုဥက္ကဋ္ဌ ယန်ခရစ္စတီယန်ဒရီးဆန်က အခုကဲ့သို့ အမြတ်ငွေရရှိခဲ့ခြင်းမှာ စပွန်ဆာစာချုပ်သစ်များနှင့် ရုပ်သံမှ ဝင်ငွေများမြင့် တက်လာခြင်းကြောင့်ဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ 

    

ဘိုင်ယန်မြူးနစ်အသင်း၏ ၂၀၁၈-၁၉ ရာသီ ဝင်ငွေ ယူရို (၇၅၀.၄) သန်းမှာ ၂၀၁၇-၁၈ ရာသီနှင့် နှိုင်းယှဉ်မည်ဆိုလျှင် (၁၄.၁၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အခွန်မဆောင်မီ အမြတ်ငွေမှာလည်း (၆၃) ရာခိုင်နှုန်းအထိ  မြင့်တက်လာခဲ့ကြောင်း သိရသည်။ 

ဂျာမန် နာမည်ကျော်စီးပွားရေးသတင်းစာ Handelsblatt က ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးထွက် (၁၆) သင်း အဆင့်မှ ထွက်ခွာခဲ့ရသော်လည်း ယခုကဲ့သို့ စံချိန်တင်အမြတ်ငွေရရှိခဲ့ခြင်းမှာ ချီးကျူးစ ရာကောင်းကြောင်း ဖော်ပြခဲ့သည်။ 

    

သို့သော် ဘိုင်ယန်မြူးနစ်အသင်းအနေ ဖြင့် ဝင်ငွေရရှိမှုတွင် စပိန်ထိပ်သီးအသင်း ကြီးများကို လိုက်မမီသေးကြောင်း သိရသည်။  ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ရာသီက ဝင်ငွေ ယူရို(၁)ဘီလီယံနီးပါးရရှိခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှာလည်း ဝင်ငွေ ယူရို(၇၅၇) သန်းရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent