အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် MIU အသင်း တတိယဆုရရှိ

အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် MIU အသင်း တတိယဆုရရှိ
Photos: MIU Futsal Club Facebook
Photos: MIU Futsal Club Facebook
Published 23 June 2019

MIU အသင်းသည် ပထမပိုင်းတွင် (၄-၁) ဂိုး၊ ဒုတိယပိုင်းတွင် (၅-၄) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး Down Town အသင်းသည် ဒုတိယပိုင်းတွင်လေးဂိုးအထိ ပြန်လိုက်သွင်းနိုင်သော်လည်း MIU အသင်းက ဂိုးများထပ်သွင်းကာ အနိုင်ရလဒ် ရယူခဲ့ခြင်းဖြစ်သည်။

 

၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ တတိယလုပွဲကို ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ၌ ကျင်းပရာ မြန်မာကလပ် MIU အသင်း တတိယဆုရရှိခဲ့ကြောင်း သိရသည်။



  MIU အသင်းသည် တတိယလုပွဲအဖြစ် ကမ္ဘောဒီးယားကလပ် Down Town အသင်းနှင့် ယှဉ်ပြိုင်ခဲ့ပြီး (၉-၅) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ MIU အသင်းသည် အုပ်စုတွင်းတွေ့ဆုံခဲ့သည့် Down Town အသင်းကို ထပ်မံအနိုင်ယူခဲ့ခြင်းဖြစ်သည်။ MIU အသင်းသည် ပထမပိုင်းတွင် (၄-၁) ဂိုး၊ ဒုတိယပိုင်းတွင် (၅-၄) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး Down Town အသင်းသည် ဒုတိယပိုင်းတွင်လေးဂိုးအထိ ပြန်လိုက်သွင်းနိုင်သော်လည်း MIU အသင်းက ဂိုးများထပ်သွင်းကာ အနိုင်ရလဒ် ရယူခဲ့ခြင်းဖြစ်သည်။

MIU အသင်းအတွက် အနိုင်ဂိုးများကို ပြည့်ဖြိုးမောင်(၃)က လေးဂိုး၊ လှိုင်မင်းထွန်းက နှစ်ဂိုး၊ ကိုကိုလွင်၊ ပြည့်ဖြိုးမောင် (၂) နှင့် ကျော်ကျော်ထွန်းတို့က တစ်ဂိုးစီ သွင်းယူခဲ့သည်။



MIU အသင်းသည် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လေးကြိမ်စလုံး တတိယဆုရခဲ့ပြီး ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent