ဘရာဇီးလ်အသင်းပရိသတ်များသည် ဘိုလစ်ဗီးယားအသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် အုပ်စုအဖွင့်ပွဲစဉ်တွင်လည်း အသင်းကို လှောင်ပြောင်ခဲ့ကြပြီး ဗင်နီဇွဲလားနှင့်ပွဲတွင် ဆက်လက်လှောင်ပြောင်ခဲ့ခြင်းဖြစ် သည်။
ဘရာဇီးလ်အသင်းပရိသတ်များသည် ဗင်နီဇွဲလားနှင့်ပွဲတွင်လည်း အသင်းကို လှောင်ပြောင်ခဲ့ကြကြောင်း သိရသည်။
ဘရာဇီးလ်အသင်းပရိသတ်များသည် ဘိုလစ်ဗီးယားအသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် အုပ်စုအဖွင့်ပွဲစဉ်တွင်လည်း အသင်းကို လှောင်ပြောင်ခဲ့ကြပြီး ဗင်နီဇွဲလားနှင့်ပွဲတွင် ဆက်လက်လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။
ဘရာဇီးလ်အသင်းသည် ဇွန်လ (၁၈) ရက်က ကစားခဲ့သည့် ကိုပါအမေရိကအုပ်စုပွဲစဉ်တွင် ဗင်နီဇွဲလားအသင်းကို (၀-၀) ဂိုးဖြင့် သရေသာ ကစားနိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ် တွင် ဘရာဇီးလ်အသင်းအနေဖြင့် (၃) ဂိုးအထိ သွင်းယူနိုင်ခဲ့သော်လည်း VAR ဖြင့်ပြန်ကြည့်ကာ ပယ်ဖျက်ခြင်းခံခဲ့ရသည်။
ယင်းပွဲစဉ်တွင် ဘရာဇီးလ်ပရိသတ်များက "Ole" ဟု အော်ဟစ်ကာ အသင်းကို လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။ ဘရာဇီးလ်အသင်း နောက်ခံလူ သီယာဂိုဆေးလ်ဗားက ဂိုးမသွင်းနိုင်သည့်အတွက် ပရိသတ်များ၏ လှောင်ပြောင်မှုကိုနားလည်သော်လည်း ယင်းမှာ အသင်းအတွက်အကူအညီမဖြစ်ကြောင်း ပြောကြားခဲ့သည်။