အေဂျက်စ်အသင်းနောက်ခံလူ ဆင်ဂရာဗန်အား လေဗာကူဆင်အသင်း ခေါ်ယူ

အေဂျက်စ်အသင်းနောက်ခံလူ ဆင်ဂရာဗန်အား လေဗာကူဆင်အသင်း ခေါ်ယူ
Photo: Twitter
Photo: Twitter
Published 19 June 2019

လေဗာကူဆင်အသင်းသည် အသက် (၂၃) နှစ်အရွယ်ရှိ နယ်သာလန်နောက်ခံလူ ဆင်ဂရာဗန်ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးမှာ ယူရို (၅) သန်းဝန်းကျင်ဖြစ်ကြောင်း သိရသည်။

လေဗာကူဆင်အသင်းသည် အေဂျက်စ်အသင်းနောက်ခံလူ ဆင်ဂရာဗန်အား ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

လေဗာကူဆင်အသင်းသည် အသက် (၂၃) နှစ်အရွယ်ရှိ နယ်သာလန်နောက်ခံလူ ဆင်ဂရာဗန်ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးမှာ ယူရို (၅) သန်းဝန်းကျင်ဖြစ်ကြောင်း သိရသည်။

ဆင်ဂရာဗန်မှာ ယခုနွေရာသီအပြောင်းအရွှေ့တွင် လေဗာကူဆင်အသင်း ခေါ်ယူခဲ့သည့် တတိယမြောက်ကစားသမားဖြစ်လာခဲ့သည်။ လေဗာကူဆင်အသင်းသည် ဆင်ဂရာဗန်မတိုင်မီက ဟော်ဖန်ဟင်မ်ကွင်းလယ်လူ ဒီမာဘေးနှင့် PSG တောင်ပံကစားသမား ဒီယာဘီတို့ကို ခေါ်ယူထားခဲ့ခြင်းဖြစ်သည်။

ဆင်ဂရာဗန်က မိမိအနေဖြင့် လေဗာကူဆင်အသင်းနှင့်အတူ ခြေစွမ်းပြနိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

"လေဗာကူဆင်အသင်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အသင်းကောင်းတစ်သင်းဖြစ်ကြောင်း နှစ်ပေါင်းများစွာ သက်သေပြခဲ့ပြီးပါပြီး။ ကျွန်တော့်အနေနဲ့ လီဗာကူဆင်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာရော၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ခြေစွမ်းပြနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ"ဟု ဆင်ဂရာဗန်က ပြောကြားခဲ့သည်။

ဆင်ဂရာဗန်သည် လေဗာကူဆင်အသင်းနည်းပြ ပေတာဘော့ဇ်နှင့် အေဂျက်စ်အသင်းတွင် ၂၀၁၆-၁၇ ရာသီက လက်တွဲခဲ့ဖူးသူလည်း ဖြစ်သည်။ 

ဆင်ဂရာဗန်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက အေဂျက်စ်အသင်းတွင် ပြိုင်ပွဲစုံ (၆) ပွဲသာ ကစားခဲ့ရကြောင်း သိရသည်။

Most Read

Most Recent