အန်ဒွန်ဘီလီနှင့် ဆယ်လ်ဆိုတို့ကို ခေါ်ယူရန် စပါးအသင်း စီစဉ်

အန်ဒွန်ဘီလီနှင့် ဆယ်လ်ဆိုတို့ကို ခေါ်ယူရန် စပါးအသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 14 June 2019

စပါးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် လိုင်ယွန်ကွင်းလယ်လူ အန်ဒွန်ဘီလီနှင့် ဘက်တစ်ကွင်းလယ်လူ ဆယ်လ်ဆိုတို့ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးများဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့သည်။

စပါးအသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဒုတိယရခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း အဆင့် (၄) ရရှိခဲ့သည်။ သို့သော် စပါးအသင်းသည် ကွင်းသစ်စီမံကိန်းကြောင့် ပြီးခဲ့သည့်ရာသီက ငွေသုံးနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ 

လာမည့်ရာသီတွင် စပါးအသင်းအနေဖြင့် အောင်မြင်မှုများရရှိရန် ရည်မှန်းနေပြီး အသင်းကို အင်အားဖြည့်တင်းမှုများပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းသည် ယခုနွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည့် အဲရစ်ဆင်ကြောင့် အားနည်းသွားဖွယ်ရှိနေသည့် ကွင်းလယ်ပိုင်းအတွက် ဘက်တစ်ကွင်းလယ်လူ ဆယ်လ်ဆိုနှင့် လိုင်ယွန်ကွင်းလယ်လူ အန်ဒွန်ဘီလီတို့ကို ခေါ်ယူရန် စီစဉ်နေကြောင်း The Mirror က ဖော်ပြခဲ့သည်။ 

အသက် (၂၃) နှစ်အရွယ်ရှိ အာဂျင်တီးနားကွင်းလယ်လူ ဆယ်လ်ဆိုသည် ပြီးခဲ့သည့် ဧပြီလက ဘက်တစ်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး ၎င်း၏လျော်ကြေးစာချုပ်မှာ ပေါင် (၈၈) သန်းဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် လိုင်ယွန်အသင်းကလည်း စပါးအသင်းခေါ်ယူလိုနေသည့် ၎င်းတို့၏ပြင်သစ်ကွင်းလယ်လူ အန်ဒွန်ဘီလီ (၂၂ နှစ်)အတွက် ပေါင်သန်း (၇၀) အထိ အလိုရှိနေကြောင်း သိရသည်။

Most Read

Most Recent