အာရှဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း နာမည်ကြီးထိုင်းကိုရှုံးနိမ့်ပြီး ဒုတိယဆုသာရရှိ

အာရှဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း နာမည်ကြီးထိုင်းကိုရှုံးနိမ့်ပြီး ဒုတိယဆုသာရရှိ
Photo: MSTSF
Photo: MSTSF
Published 12 June 2019

မြန်မာအသင်းတွင် အမာခံကစားသမားအချို့ ပါဝင်သွားခြင်းမရှိဘဲ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရွေးချယ်လေ့ကျင့်ပေးလျက်ရှိသည့် ပဏာမကစားသမားများအနက် လေးဦး ရွေးချယ်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပသည့် အာရှဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့တွင် ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် နာမည်ကြီးထိုင်းအသင်းကို ရှုံးနိမ့်ပြီး ဒုတိယဆုသာ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် နာမည်ကြီး ထိုင်းအသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်းသည် သုံး ယောက်တွဲပြိုင်ပွဲတွင် အားသာသောကြောင့် မြန်မာအသင်းကို အသာစီးမှ ကစားကာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းတွင် အမာခံကစားသမားအချို့ ပါဝင်သွားခြင်းမရှိဘဲ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရွေးချယ်လေ့ကျင့်ပေးလျက်ရှိသည့် ပဏာမကစားသမားများအနက် လေးဦး ရွေးချယ်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် အုပ်စုပွဲများတွင် သုံးပွဲစလုံး အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် မလေးရှားကို (၂-၁) ပွဲ၊ ဂျပန်ကို (၂-၀) ပွဲ၊ တရုတ်ကို (၂-၀) ပွဲတို့ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်လျက်ရှိသည်။

Most Read

Most Recent