၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလား အိမ်ရှင်အတွက် FIFA ကွန်ဂရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် MFF ဆွေးနွေးမည်

၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလား အိမ်ရှင်အတွက် FIFA ကွန်ဂရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် MFF ဆွေးနွေးမည်
Photo: MFF
Photo: MFF
Published 2 June 2019

MFF သည် ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ထိုင်း နိုင်ငံနှင့် ပူးပေါင်းလျှောက်ထားပြီး ယခုကွန်ဂရက် ကျင်းပနေစဉ်ကာလအတွင်း  FIFA ဥက္ကဋ္ဌ အင်ဖန်တီနို၊  ထိုင်းဘောလုံး အဖွဲ့ချုပ် (FAT) တို့ မှ တာဝန်ရှိသူများနှင့် တွေဆုံဆွေးနေးသွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ပြင်သစ်နိုင်ငံ ပါရီ မြို့၌ ကျင်းပမည့် (၆၉) ကြိမ်မြောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ( FIFA) ကွန်ဂရက်တွင် ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရရန် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

MFF သည် ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ထိုင်း နိုင်ငံနှင့် ပူးပေါင်းလျှောက်ထားပြီး ယခုကွန်ဂရက် ကျင်းပနေစဉ်ကာလအတွင်း  FIFA ဥက္ကဋ္ဌ အင်ဖန်တီနို၊  ထိုင်းဘောလုံး အဖွဲ့ချုပ် (FAT) တို့ မှ တာဝန်ရှိသူများနှင့် တွေဆုံဆွေးနေးသွားမည်ဖြစ်သည်။ MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ဦးဆောင်သည့်အဖွဲ့ သည် ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်း မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ ကာ မြန်မာ့ဘောလုံးတိုးတက်ရေး အတွက် ဆွေးနွေးသွားမည်ဖြစ်သည်။

" ကျွန်တော်တို့ အခုတက်ရောက်မယ့် FIFA ကွန်ဂရက်မှာ ယူ-၂၀ ကမ္ဘာ့ဖလား အိမ်ရှင်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိပါတယ်။ FIFA ဥက္ကဋ္ဌအပါအဝင် ထိုင်းဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ လည်း ဆွေးနွေးမှာပါ" ဟု MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားခဲ့သည်။ ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် နိုင်ငံငါးခုက ကြိုးပမ်းနေပြီး ဘောလုံးအင်အားကြီး ဘရာဇီးလ်၊ ငွေကြေးပိုင်ဆိုင်ရာ ချမ်းသာ<ကယ်ဝ ပြီး အခြေခံ အဆောက်အဦပြည့်စုံ သည့် ယူအေအီး+ ဆော်ဒီအာရေ ဗျ+ဘာရိန်းတို့နှင့် အဓိက ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

ယင်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရန် တောင်အမေရိကမှ ပီရူး၊ အရှေ့တောင်အာရှမှ အင်ဒိုနီးရှားတို့ကလည်း သီးသန့်လျှောက်ထားမှုများ ပြုလုပ်ထားသည်။ MFF သည် လူငယ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ပထမဆုံးကြိုးပမ်းခြင်းဖြစ်ပြီး တစ်နိုင်ငံတည်းကျင်းပ နိုင်သည့်အနေအထားမရှိသောကြောင့် အရှေ့တောင်အာရှမှ ဘောလုံးအင်အားကြီး ထိုင်းနိုင်ငံနှင့် ပူးတွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent