ဆိုးလ်ရှားရလဒ်များကောင်းနေစဉ်က မန်ယူအစစ်အမှန်ကိုပြန်ရပြီဟု ချီးကျူးစောခဲ့သည့် ဖာဒီနန်အား ပရိသတ်များလှောင်ပြောင်နေကြ

ဆိုးလ်ရှားရလဒ်များကောင်းနေစဉ်က မန်ယူအစစ်အမှန်ကိုပြန်ရပြီဟု ချီးကျူးစောခဲ့သည့် ဖာဒီနန်အား ပရိသတ်များလှောင်ပြောင်နေကြ
Photos : Twitter
Photos : Twitter
Published 7 May 2019

လက်ရှိအချိန်တွင် ဘောလုံးသုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် မန်ယူအသင်း၏ နာမည်ကျော်ကစားသမားဟောင်း ဖာဒီနန်သည် ဆိုးလ်ရှားရလဒ်များကောင်းမွန်နေစဉ်က မန်ယူအစစ်အမှန်ကို ပြန်ရနေပြီဟု ချီးကျူးစောခဲ့ခြင်းအတွက် ပရိ သတ်များသည် ယခုအချိန်တွင် ပြန်လည်လှောင်ပြောင်နေကြသည်။

မန်ယူအသင်းသည် ဟတ်ဒါဖီးလ်အသင်းနှင့် သရေကျခဲ့သည့်ပွဲအ ပြီး၌ နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် (၁၁)ပွဲတွင် နိုင်ပွဲ (၂)ပွဲသာရရှိခဲ့ရာ ယခင်က ဖာဒီနန် Tweets ခဲ့ဖူးသည့်အောက်တွင် ပရိသတ်များက ပြန်လည်အစဖော်ကာ လှောင်ပြောင်နေ ကြခြင်းလည်းဖြစ်သည်။

ဖာဒီနန်က PSG အသင်းကို မန်ယူအသင်းက အဝေးဂိုးဖြင့်အနိုင်ယူကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်သို့ တက်ခဲ့ချိန်တွင် ယင်းကဲ့သို့ပြောခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်းသည် ယင်းပွဲအပြီး (၁၁)ပွဲတွင် ဝက်ဖို့ဒ်နှင့် ဝက်စ်ဟမ်းတို့ကိုသာ အနိုင်ရခဲ့သည်။

မန်ယူအသင်း၏ နောက်ဆုံး(၁၁)ပွဲ

ပြိုင်ဘက်        အိမ်/အဝေး    ရလဒ်

အာဆင်နယ်    အဝေး        ၀-၂ (ရှုံး)

ဝုလ်ဗ်        အဝေး        ၁-၂ (ရှုံး)

ဝက်ဖို့ဒ်        အိမ်        ၂-၁ (နိုင်)

ဝုလ်ဗ်        အဝေး        ၁-၂ (ရှုံး)

ဘာစီလိုနာ    အိမ်        ၀-၁ (ရှုံး)

ဝက်စ်ဟမ်း    အိမ်        ၂-၁ (နိုင်)

ဘာစီလိုနာ    အဝေး        ၀-၃ (ရှုံး)

အဲဗာတန်        အဝေး        ၀-၄ (ရှုံး)

မန်စီးတီး        အိမ်        ၀-၂ (ရှုံး)

ချယ်လ်ဆီး    အိမ်        ၁-၁ (သရေ)

ဟတ်ဒါဖီးလ်    အဝေး        ၁-၁ (သရေ)

Most Read

Most Recent