ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်
Photos : AFP
Photos : AFP
Published 7 May 2019

လီဗာပူးလ် နှင့် ဘာစီလိုနာ (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

လီဗာပူးလ်ကစားသမားတွေက ဒီအိမ်ကွင်းပွဲစဉ်ကို ယုံကြည်မှုအပြည့်နဲ့ကစားမှာပါ။ ဗိုလ်လုပွဲအဆင့်ကို တက်ခွင့်ရ၊ မရဆိုတာထက် နူးကမ့်မှာတောင် ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်ဆိုတဲ့စိတ်နဲ့ အိမ်ကွင်းမှာ ဘာစီလိုနာကို အကြောက်အလန့်မရှိ စိန်ခေါ်လိမ့်မယ်။ ဘာစီလိုနာအသင်းရဲ့ကွင်းမှာ ပီကေး၊ လွန်းဂလတ်တို့ရဲ့ခံစစ်ကို လီဗာပူးလ်တိုက်စစ်ပိုင်းက ဒုက္ခပေးနိုင်တယ်ဆိုရင် ဒီပွဲမှာလည်း သေချာပေါက်ဒုက္ခပေးလိမ့်မယ်။

အန်ဖီးလ်ဖြစ်နေခြင်းက ဘာစီလိုနာခံစစ်ကိုလည်း ခပ်ကြမ်းကြမ်းတားဆီးဖို့ အခက်အခဲဖြစ်စေလိမ့်မယ်။ ဘာစီလိုနာအတွက် စဉ်းစားစရာက မနှစ်က ရိုးမားအသင်းနဲ့ ကွာတားဖိုင်နယ်မှာ ဆုံတွေ့တော့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့ပြီးမှ အဝေးကွင်းမှာ ဂိုးပြတ်ပြန်ရှုံးခဲ့ဖူးတဲ့ အစဉ်အလာဆိုးရှိနေတယ်။ အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေလည်း ရှိနေနိုင်တယ်။ ဒါပေမဲ့ ဘာစီလိုနာအတွက် အရမ်းအားသာခဲ့တာက အိမ်ကွင်းပွဲစဉ်မှာတုန်းက အဝေးဂိုးမပေးခဲ့ရတာပဲ။ ဒါကြောင့် အန်ဖီးလ်မှာ (၁)ဂိုးသွင်းနိုင်တာနဲ့ လီဗာပူးလ်က (၅)ဂိုးပြန်သွင်းဖို့ဆိုတာ မလွယ်တော့ဘူး။ တကယ်သာဖြစ်လာရင်လည်း ဘာစီလိုနာအသင်းတစ်ခုလုံး ကပြောင်းကပြန်ဖြစ်သွားနိုင်တယ်။

နည်းပြအပြောင်းအလဲတွေ၊ ကစားသမားပြုပြင်ပြောင်းလဲမှုတွေပါလုပ်ရမယ့် အခြေအနေအထိဖြစ်သွားနိုင်တယ်။ ဗယ်လ်ဗာဒီအနေနဲ့ ဒီပွဲမှာ အသင်းရဲ့ ဂုဏ်သိက္ခာလည်းရှိနေတဲ့အတွက် ပထမအကျော့အပေါ် မူတည်ပြီး ခံစစ်ကစားဖို့လာမှာတော့မဟုတ်ဘူး။ တိုက်စစ်ပဲ ဆင်လိမ့်မယ်။ လီဗာပူးလ်မှာလည်း ဖေမီနို မကစားနိုင်တာ၊ ဆာလာ မသေချာသေးတဲ့အနေအထားတွေက သေချာပေါက် အားလျော့နေစေမှာပါ။ လူစုံသာ ကစားခွင့်ရရင် ဘာစီလိုနာအတွက် ပိုခက်ခဲနိုင်ပေမယ့် လက်ရှိလီဗာပူးလ်ရဲ့အင်အားကိုတော့ ဘာစီလိုနာ ထိန်းချုပ်နိုင်လိမ့်မယ်။ လီဗာပူးလ်သရေလောက်ပဲ မျှော်လင့်နိုင်မယ်။

 

 

Most Read

Most Recent