ရီးယဲလ်မက်ဒရစ်နည်းပြ လိုပယ်တယ်ဟီ၏အနာဂတ်ကို El Clasico ပွဲနှင့်ဆုံးဖြတ်မည်

ရီးယဲလ်မက်ဒရစ်နည်းပြ လိုပယ်တယ်ဟီ၏အနာဂတ်ကို El Clasico ပွဲနှင့်ဆုံးဖြတ်မည်
Published 10 October 2018

 

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဖြစ်သူ လိုပယ်တယ်ဟီ၏အနာဂတ်ကို အောက်တိုဘာ (၂၈) ရက်တွင် ဘာစီလိုနာနှင့်ကစားရမည့် El Clasico ပွဲစဉ်က အဆုံးအဖြတ်ပေးသွားမည်ဟု အသင်းအတွင်းလူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။

အသင်းမှာ လာလီဂါတွင် ဆိုးရွားသည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီး တိုးတက်မှုအမြောက်အမြားရရှိရန် လိုအပ်နေသည်ဟုလည်း အဆိုပါပုဂ္ဂိုလ်က မှတ်ချက်ပြုခဲ့သည်။

သို့သော် ရီးယဲလ်အသင်းကစားသမားများဖြစ်သည့် ရာမို့စ်၊ ဗာရန်း၊ ကရို့စ်၊ နာချိုတို့က နည်းပြ လိုပယ်တယ်ဟီကို တရားဝင်ထောက်ခံမှုများ ပြုလုပ်ခဲ့ကြသည်။

ရီးယဲလ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံလေးပွဲဆက် ဂိုးပေါက်ပျာက်ထားပြီး အဓိကကစားသမားအချို့၏ ဒဏ်ရာပြဿနာများလည်း ရှိနေသည်။

Most Read

Most Recent