မော်ရင်ဟိုနှင့် မပြေလည်မှုကြောင့် မန်ယူအသင်းမှထွက်ခွာနိုင်သည့် ကစားသမား (၁၀) ဦးအထိရှိနေ

မော်ရင်ဟိုနှင့် မပြေလည်မှုကြောင့် မန်ယူအသင်းမှထွက်ခွာနိုင်သည့် ကစားသမား (၁၀) ဦးအထိရှိနေ
Published 10 October 2018

 

အသင်းနည်းပြဖြစ်သူနှင့် ဆက်ဆံရေး မပြေလည်မှုကြောင့် မော်ရင်ဟိုသာ အိုးလ်ထရက်ဖို့ဒ်တွင် အနာဂတ်ဆက်ရှိနေခဲ့လျှင် အသင်းမှထွက်ခွာနိုင်သည့် ပေါ့ဘာအပါအဝင် ကစားသမား (၁၀) ဦးဝန်းကျင် မန်ယူအ သင်းနှင့်လမ်းခွဲနိုင်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ယင်းစာရင်းတွင် ပေါ့ဘာ၊ လုခ်ရှော၊ မာစီယဲလ်၊ ဒီဟေးယား၊ ဘာယီ၊ ဗလင်စီယာ၊ မာတာ၊ ဟာရဲရား၊ အက်ရှ်လေယန်း၊ ဖီးလ်ဂျုံးစ်စသည့် ကစားသမားများ ပါဝင်လျက်ရှိသည်။ ဒီဟေးယားနှင့် မာစီယဲလ်တို့မှာ ယခု ရာသီကုန်တွင် စာချုပ်သက်တမ်းပြည့်မည် ဖြစ်သော်လည်း စာချုပ်တွင် တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိသည့်အချက် ပါဝင်နေ ကြောင်း သိရသည်။

လုခ်ရှော၊ မာတာ၊ ဟာရဲရား၊ အက်ရှ်လေယန်း၊ ဖီးလ်ဂျုံးစ်စသည့် ကစားသမားများမှာမူ ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ နယူးကာဆယ်နှင့်ပွဲ၌ (၁၈) မိနစ်တွင် လူစားလဲခံခဲ့ရသည့် ဘာယီ၊ မော်ရင်ဟိုကို ရာထူးမှ နုတ်ထွက်ရန်တောင်းဆိုသည့် Status ကို Like လုပ်ခဲ့သည့် အသင်းခေါင်းဆောင် ဗလင်စီယာတို့မှာလည်း အနာဂတ်မသေမချာဖြစ်လျက်ရှိသည်။

မန်ယူအသင်းတိုက်စစ်မှူး ဟောင်းဖြစ်သူ ရွန်နီက နည်းပြမော်ရင်ဟိုမှာ ကစားသမားများ၏ထောက်ခံအားပေးမှု မရရှိကြောင်း ဝေဖန်ခဲ့သည်။

Most Read

Most Recent