ဗီယက်နမ်၏မြို့တော် ဟနွိုင်းတွင် မော်တော်ဆိုင်ကယ်များကို ၂၀၃၀ မတိုင်မီ ပိတ်ပင်မည်

ဗီယက်နမ်၏မြို့တော် ဟနွိုင်းတွင် မော်တော်ဆိုင်ကယ်များကို ၂၀၃၀ မတိုင်မီ ပိတ်ပင်မည်
Published 6 July 2017

ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားနေသော ဗီယက်နမ်မြို့တော် ဟနွိုင်းတွင် သဘာဝပတ်ဝန်းကျင်နှင့် ပိတ်ဆို့မှုဒုက္ခများကို လျော့ပါးစေရန်အတွက်  မော်တော်ဆိုင်ကယ်များ ကို ၂၀၃၀ ပြည့်နှစ် မတိုင်မီပိတ်ပင်သွားမည်ဟု တာဝန်ရှိသူများက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေး နည်းပါးမှုနှင့်အတူ တိုးတက်ပြောင်းလဲမှု မြန်ဆန်လာသည့် ဟနွိုင်းမြို့တွင် များပြားလှသည့် မော်တော်ဆိုင်ကယ်များက လမ်းမများပေါ်တွင် ပိတ်ဆို့နေသည်။ လူဦးရေ ခုနစ်သန်းခန့်ရှိသည့် ဟနွိုင်းတွင် မော်တော်ဆိုင်ကယ်စီးရေ ငါးသန်းရှိပြီး မော်တော်ကားစီးရေမှာ ငါးသိန်းခန့်သာ ရှိသည်။

Most Read

Most Recent