ရီးယဲလ်နည်းပြ လိုပယ်တယ်ဟီ အသင်းဥက္ကဋ္ဌ ပီရက်ဇ် လက်ထက်တွင် တာထွက်အညံ့ဆုံးနည်းပြအဖြစ် ရပ်တည်

ရီးယဲလ်နည်းပြ လိုပယ်တယ်ဟီ အသင်းဥက္ကဋ္ဌ ပီရက်ဇ် လက်ထက်တွင် တာထွက်အညံ့ဆုံးနည်းပြအဖြစ် ရပ်တည်
Published 5 October 2018

 

ယခုရာသီတွင် ရီးယဲလ်အသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့သော လိုပယ်တယ်ဟီသည် အသင်းဥက္ကဋ္ဌ ပီရက်ဇ်လက်ထက်တွင် တာထွက်အညံ့ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရှိရသည်။

လိုပယ်တယ်ဟီသည် ပြိုင်ပွဲစုံ(၁၀)ပွဲတွင် နိုင်ပွဲ(၅)ပွဲသာ ရရှိပြီး (၃)ပွဲရှုံးနိမ့်ခဲ့သည့်အတွက် တာထွက်ရလဒ်ပိုင်း အညံ့ဆုံးနည်းပြအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

ပီရက်ဇ်လက်ထက်တွင် ရီးယဲလ်အသင်းကို ကိုင်တွယ်ခဲ့သော နည်းပြများအတွက် ရာသီအစ(၁၀)ပွဲ၌ ရှုံးပွဲအများဆုံး ကြုံတွေ့ခဲ့ရသူမှာ ကမာချိုနှင့် ဂါစီယာရေမွန်တို့ ကိုင်တွယ်ခဲ့စဉ်ကဖြစ်သော်လည်း ၎င်းတို့သည် သရေပွဲမရှိခဲ့ဘဲ နိုင်ပွဲ(၆)ပွဲ ရရှိခဲ့သည့်အတွက် အမှတ်ရရှိမှုတွင် လိုပယ်တယ်ဟီထက် အသာရခဲ့သည်။

ရလဒ်အကောင်းဆုံးနည်းပြ မှာ မော်ရင်ဟိုဖြစ်ပြီး ၂၀၁၀-၁၁ ရာသီက ရာသီအစ(၁၀)ပွဲတွင် (၈)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ခြင်းဖြစ်သည်။နိုင်ပွဲအနည်းဆုံးနည်းပြမှာ ၁၉၉၉-၀၀ ရာသီက ကိုင်တွယ်ခဲ့သည့် တိုရှက်ဖြစ်ပြီး ရာသီအစ(၁၀)ပွဲ၌ နိုင်ပွဲ(၄)ပွဲသာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။သို့သော် တိုရှက်လက်ထက်တွင် ရှုံးပွဲ(၁)ပွဲသာ ရှိခဲ့သည့်အတွက် လိုပယ်တယ်ဟီနှင့် အမှတ်တူအနေအထား ဖြစ်ခဲ့ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent