ယနေ့ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ယနေ့ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
Published 29 October 2018

စပါး - မန်စီးတီး (၃၀-၁၀-၂၀၁၈ နံနက် ၂း၃၀)

မနှစ်ကတွေ့ဆုံမှုမှာ မန်စီးတီးက စပါးကို (၂)ပွဲစလုံးအနိုင်ကစားထားခဲ့တယ်။ ဒီရာသီမှာလည်း ထုံးစံအတိုင်း နှစ်သင်းစ လုံးခြေစွမ်းပြနေကြပြီး စပါးရဲ့ပွဲစဉ် (၉)ပွဲအပြီး ရလဒ်က အသင်းသမိုင်းမှာ အကောင်းဆုံးမှတ်တမ်းဖြစ်နေတယ်။ ချယ်လ်ဆီး၊ အာဆင်နယ်တို့နဲ့အတူ (၂၁)မှတ်စီရရှိထားတဲ့စပါးအတွက် အိမ်ကွင်းမှာခြေမချော်ဖို့အရေးကြီးနေသလို၊ မန်စီးတီးကလည်း ရှုံးပွဲတွေ့ခဲ့ရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာက ပြန်ဖယ်ပေးရမယ့် အနေအထားဖြစ်နေတယ်။ စပါးက နောက်ဆုံးကစားခဲ့ တဲ့ (၄)ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး နောက်ဆုံး (၃)ပွဲမှာ ပေးဂိုးမရှိကစားနိုင်ခဲ့တာ တော်တော်ကောင်းတဲ့ရလဒ်ပါ။ ဒါပေမဲ့ မန်စီး တီးက စပါးထက်ပိုကောင်းနေတယ်။ နယူးကာဆယ်နဲ့ပွဲမှာတစ်ဂိုးပေးခဲ့ရပြီးကတည်းက ပရီးမီးယားလိဂ်မှာနောက်ဆုံး (၅)ပွဲ ဆက်တိုက်ဂိုးမပေးခဲ့ရဘူး။ တိုက်စစ်ကလည်း လီဗာပူးလ်ကိုဂိုးမသွင်းနိုင်ခဲ့တာကလွဲရင် ဒီ (၅)ပွဲမှာ (၁၅)ဂိုးသွင်းထားတယ်။ အသင်းကပုံစံကောင်းပြနေသလို၊ ဒီဘရိုင်းနားပွဲထွက်လူစာရင်းမှာပါလာတဲ့ခြေစွမ်းက အားရစရာကောင်းပြီး ရှက်တာဒိုးနက် နဲ့ပွဲက ခြေစွမ်းမျိုးက စပါးကိုစိုးရိမ်စရာဖြစ်စေတယ်။ ဒါ့အပြင် အဂွဲရိုး ဂိုးသွင်းခြေတွေ့နေတာကို စပါးသတိပြုရမယ်။ ပိုချက်တီ နိုက နိုင်ပွဲအတွက်ကြိုးစားမှာဖြစ်သလို၊ Entertaining Match ကိုကြည့်ရမှာပါ။ မန်စီးတီးကို ကြိုက်တယ်။

လာဇီယို - အင်တာမီလန် (၃၀-၁၀-၂၀၁၈ နံနက် ၂းဝ၀)

မီလန်ဒါဘီအောင်ပွဲမှာ အင်တာမီလန်ရဲ့ ယုံကြည်ခြင်း အသစ်တွေ အမြင့်ပျံနေလိမ့်မယ်။ ဒီလိုပဲ လာဇီယိုဟာ ရောမ ဒါဘီ ပွဲကလွဲလို့ တည်ငြိမ်ခြင်းနယ်ပယ်ထဲ ဂုဏ်သိက္ခာရှိစွာ ဖြတ်သန်းလို့နေတယ်။ ဒါပေမဲ့ အင်တာမီလန်ဟာ လာဇီယိုရဲ့ အိုလံပီကိုကွင်းမှာ (၂)ရာသီဆက် အောင်ပွဲရထားတယ်။ အ တိတ်အောင်ပွဲတွေကို အင်တာမီလန် အသက်ဆက်သွင်းနိုင် မလား။ လာဇီယို အလွန်ဆုံးကပ်နိုင်ရုံပါပဲ။ ဂိုးပေါင်းများမယ်။

Most Read

Most Recent