အင်တာမီလန်အသင်းကို ထိပ်ဆုံးအဆင့်သို့  ရောက်ရှိအောင် ဦးဆောင်သွားမည်ဟု အသက် (၂၆)နှစ်အရွယ် ဥက္ကဋ္ဌသစ် ကတိပေး

အင်တာမီလန်အသင်းကို ထိပ်ဆုံးအဆင့်သို့  ရောက်ရှိအောင် ဦးဆောင်သွားမည်ဟု အသက် (၂၆)နှစ်အရွယ် ဥက္ကဋ္ဌသစ် ကတိပေး
Published 28 October 2018

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ အင်တာမီလန်အသင်း ဥက္ကဋ္ဌသစ်အဖြစ် ခန့်အပ်ခဲ့ရသော အသက် (၂၆)နှစ်အရွယ် စတီဗင်ဇန်းက အင်တာမီလန်အသင်းကို ထိပ်ဆုံးအဆင့်သို့  ရောက်ရှိအောင် ဦးဆောင်သွားမည် ဟုကတိပေးခဲ့ကြောင်းသိရသည်။ 

စတီဗင်ဇန်းသည် အင်တာမီလန်အသင်း၏ ရှယ်ယာ(၇၀)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် ဆန်နင်းတရုတ်စီးပွားရေးအဖွဲ့အစည်းပိုင်ရှင်၏ သားတစ်ဦးဖြစ်ပြီး တရုတ်စီးပွားရေးလောကတွင် ထွန်းတောက်လာမည့် အနာဂတ်ခေါင်းဆောင်တစ်ဦးအဖြစ်လည်း

သတ်မှတ်ခံထားရသည်။ 

စတီဗင်ဇန်းသည် အင်တာမီလန် အသင်း၏ အဓိကရှယ်ယာရှင်ဟောင်း အင်ဒိုနီးရှားလူမျိုး အဲရစ်သိုဟာထံမှ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းရယူခဲ့ခြင်းလည်းဖြစ်သည်။ စတီဗင်ဇန်းကို အသင်း ဥက္ကဋ္ဌအဖြစ် တရားဝင်ခန့်အပ်နိုင်ခဲ့ပြီးနောက်

အင်တာမီလန်အသင်းဝက်ဘ်ဆိုက်က  " အင်တာမီလန်အသင်း၊ ပရိသတ်တွေနဲ့ မီလန်မြို့က သင့်ကိုစောင့်ကြိုနေပါတယ်"  ဟုဖော်ပြခဲ့သည်။ 

ထို့ပြင် အင်တာမီလန်အသင်းနည်းပြ စပယ်လက်တီ၊ အင်တာမီလန်အသင်းခေါင်းဆောင် အီကာဒီ၊ အင်တာမီလန် အသင်းဒု-ဥက္ကဋ္ဌ ဇနက်တီတို့က ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ပြီး အင်တာမီလန်အသင်း၏ အနာဂတ်ကို ပုံဖော်ပေးမည့်သူဟု ဆိုခဲ့ကြသည်။ 

Most Read

Most Recent