မန်ချက်စတာယူနိုက်တက်အသင်းနည်းပြသစ် ဖြစ်လာနိုင်သည့် လျာထားစာရင်းတွင် ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီလည်း ပါဝင်လာခဲ့သည်။ မန်ချက်စတာယူနိုက်တက်အသင်းသည် လာမည့် ရာသီတွင် နည်းပြမော်ရင်ဟိုကို ရာထူးမှထုတ်ပယ်သွားဖွယ်ရှိနေကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကသတင်းများထပ်မံထွက်ပေါ်လာခဲ့သည်။
ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီသည် မော်ရင်ဟို၏ နေရာတွင် အစားဝင်ရောက်နိုင်သူတစ်ဦးဖြစ်ကြောင်း Sunday Express သတင်းဌာန၏ ဖော်ပြချက်ကို ကိုးကား၍အီတလီမီဒီယာများက ကျယ်ကျယ်ပြန့်ပြန်ဖော်ပြနေကြသည်။
အီတလီမီဒီယာများ၏ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူများသည် ဂျူဗင်တပ်စ်အသင်းကို ပြီးခဲ့သည့် (၄)နှစ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ နှစ်ကြိ်မ်တိုင်ပို့ဆောင်ပေးခဲ့သော နည်းပြ အယ်လီဂရီ၏ စွမ်းဆောင်ရည်ကို သဘောကျနေကြောင်း သိရသည်။ ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီသည် လက်ရှိဘောလုံးရာသီ မစတင်မီက အာဆင်နယ်အသင်းနည်းပြရာထူးအတွက် ရေပန်းစားခဲ့ဖူးသူဖြစ် သည်။