''နည်းပြတစ်ယောက်အနေနဲ့ သင်ယူစရာတွေ အများကြီးရှိပါတယ်''

''နည်းပြတစ်ယောက်အနေနဲ့ သင်ယူစရာတွေ အများကြီးရှိပါတယ်''
Published 20 October 2018



မိုနာကိုအသင်းနည်းပြသစ် အွန်နရီနှင့်တွေ့ဆုံခြင်း

မေး - မိုနာကိုအသင်းနဲ့ နည်းပြဘဝစတင်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်တာလား။ ခင်ဗျားက အာစင်ဝင်းဂါး၊ ပက် ဂွါဒီယိုလာတို့လို နည်းပြတွေနဲ့ ရင်းနှီးတဲ့သူဆိုတော့ နည်းပြတစ်ယောက်ဖြစ်လာဖို့ သူတို့တွေက တွန်းအား ဖြစ်စေခဲ့လား။

ဖြေ - မိုနာကိုအသင်းဆီက ကမ်းလှမ်းမှုရတဲ့ အချိန်မှာ နှလုံးသားနဲ့ရွေးချယ်ခဲ့တာပါ။ ဒါက အိပ်မက်တစ်ခု တကယ်လက်တွေ့ဖြစ်လာ တာပါ။ အလုပ်တွေ အများကြီးလုပ်ဖို့လိုပါ တယ်။ ဒါပေမဲ့ ဒီနေရာမှာရှိနေခွင့်ရလို့ စိတ် ချမ်းသာပါတယ်။ နန့်စ်အသင်းက ယန်း ကလော်ဆူဒူနဲ့ ရေနယ်လ်ဒန်နူအစ်တို့ဆီက လည်း အများကြီးသင်ယူထားပါတယ်။ သူတို့ တွေက ဘောလုံးအပေါ် စိတ်ပါဝင်စားလာ အောင် လုပ်ပေးခဲ့တဲ့သူတွေပါ။ ကလဲယား ဖောင်တိန်အကယ်ဒမီက လေ့ကျင့်ရေးမှူး တွေကိုလည်း မမေ့ပါဘူး။ တကယ်တော့ အာ စင်ဝင်းဂါးက ကျွန်တော့်ခေါင်းထဲက အတွေး တော်တော်များများကို အလင်းဖွင့်ပေးခဲ့တာ ပါ။ ဂွါဒီယိုလာရဲ့လက်အောက်မှာ ကစားဖို့ လည်း အခွင့်အရေးရခဲ့ပြီး သူ့ဆီက အများ ကြီးသင်ယူခွင့်ရခဲ့ပါတယ်။

မေး - မိုနာကိုရဲ့လူစာရင်းကို ဘယ်လိုမြင်လဲ။ လာမယ့် အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ဖို့ အစီအစဉ်ရှိသေးလား။

ဖြေ - စထရာဘိုးနဲ့ပွဲအကြောင်းပဲ အရင်ဆုံး တွေးထားပါတယ်။ စိတ်ပိုင်းဆိုင်ရာကတော့ အမြင့်ဆုံးအခြေအနေမရှိပါဘူး။အထူးသဖြင့် ကစားသမားတစ်ဝက်လောက်က လက်ရွေး စင်အသင်းနဲ့ ပွဲတွေကစားခဲ့ရလို့ပါ။ ဒီလို အခြေအနေမျိုးမှာ ပစ္စုပ္ပန်အကြောင်းပဲ စဉ်း စားထားပါတယ်။

မေး - ခင်ဗျားက ဘယ်လိုနည်းပြပုံစံမျိုးဖြစ်ချင်လဲ။

ဖြေ - ကျွန်တော်က ဘယ်လိုကစားသမားမျိုး လဲဆိုတာ ခင်ဗျားလည်း သိထားပြီးသားပါ။ အချိန်တော်တော်များများ ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောနေရမယ့် အရာတွေလည်း မပြောင်း လဲပါဘူး။ အပြန်အလှန်ဆွေးနွေးမှုက အရမ်း အရေးကြီးပါတယ်။ ဒီမေးခွန်းကို ခင်ဗျား မမေးခင်ကတည်းက ကျွန်တော့်အနေနဲ့ လီ ယိုနာဒိုယာဒင်းလုပ်ခဲ့တဲ့အရာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောချင်နေတာပါ။ သူက မိုနာကိုအသင်းရဲ့သမိုင်းမှာ မေ့ဖျောက် ပစ်လို့ရမယ့်သူမဟုတ်ပါဘူး။ အနာဂတ်မှာ ကံကြမ္မာကောင်းတွေရပါစေလို့လည်း ကျွန် တော် ဆုတောင်းပေးပါတယ်။

မေး - ဘယ်လိုကစားပုံမျိုး ရွေးချယ်အသုံးပြုမှာလဲ။

ဖြေ - အသေးစိတ်တော့မပြောချင်ပါဘူး။ ပြိုင်ဘက်အပေါ်မူတည်ပြီး စဉ်းစားရမှာပါ။ ကျွန်တော်တစ်ယောက်တည်းဆုံးဖြတ်မှာ မဟုတ်ဘဲ ကျွန်တော့်ရဲ့လက်ထောက်က လည်း ကွဲပြားခြားနားတဲ့အမြင်မျိုး ပေးနိုင်ပါ လိမ့်မယ်။ ဒါပေမဲ့ သူကလည်း ကျွန်တော်နဲ့ အရမ်းနီးစပ်မှုရှိတဲ့သူပါ။ ကျွန်တော်တို့ အပြန် အလှန်ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်တွေ ချသွားမှာပါ။

မေး - နည်းပြဘဝမှာရော အောင်မြင်မှုတွေရယူနိုင် မယ်လို့ထင်လား။

ဖြေ - အဲဒီလိုဖြစ်ဖို့တော့ မျှော်လင့်ပါတယ်။ ဒီလိုပြောလို့ လွယ်လွယ်ကူကူအောင်မြင်မှုရ မယ်လို့ မရည်ရွယ်ပါဘူး။ သင်ယူစရာတွေ အများကြီးရှိပါတယ်။ မတူညီတဲ့ အခြားတစ် ဖက်ကိုသွားရင် စိတ်ရှည်ဖို့လိုပါတယ်။

Most Read

Most Recent