အီတလီစီးရီးအေပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်
Published 20 October 2018

ရိုးမား နှင့် SPAL (စနေည ရး၃၀ နာရီ)

SPAL ရဲ့ပျော်ရွှင်ခြင်းသံပတ် ရပ်တန့်သွားပါပြီ။ ကျဆင်းသွားတဲ့ အိပ်မက်အပိုင်းအစတွေကို အမြင့်ပျံရိုးမားနဲ့ ဆုံတွေ့ချိန်မှာလည်း အကောင်းတိုင်း ပြန်လည်ဆက်နိုင်ဦးမယ်မထင်ဘူး။ ရိုးမားနည်းပြ ဒီဖရန်ဆက်စကိုဟာ ပွဲကျပ်ကာလမှာ အောင်ပွဲတွေယူပြီး သူ့အနာဂတ်ကို အလှပဆုံး ခြယ်မှုန်းထားတယ်။ အိမ်ကွင်းဆိုရင် သွင်းဂိုးတွေ မြူးတတ်တဲ့ ရိုးမား (၂)ဂိုးပြတ် နိုင်ဦးမယ်ထင်ပါတယ်။

ဂျူဗင်တပ်စ် နှင့် ဂျီနိုအာ (စနေည ၁ဝး၃၀ နာရီ)

နိုင်ငံတကာပွဲတွေမကစားရဘဲ အနားရထားတဲ့ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အတွက် ရွှင်လန်းထက်မြက်စွာ ပွဲထွက်လာပါဦးမယ်။ နောက်ပိုင်းပွဲတွေမှာ သွင်းဂိုး၊ ဒါမှမဟုတ် ဂိုးဖန်တီးမှုတစ်ခုခု ပါဝင်ပတ်သက်ထားတဲ့ စီရော်နယ်လ်ဒိုကို ဂျီနိုအာခံစစ် ထိန်းနိုင်မယ်မထင်သလို၊ ဂျီနိုအာရဲ့ သွင်းဂိုးသူရဲကောင်းပီယွန်တက်ခ်လည်း ဂျူဗင်တပ်စ်ခံစစ်ကို ခြိမ်းခြောက်ဦးမယ်။ ဂျူဗင်တပ်စ်(၃-၁)လောက်နဲ့ နိုင်မယ်။

အူဒီးနီးစ် နှင့် နာပိုလီ (တနင်္ဂနွေနံနက် ၁းဝ၀ နာရီ)

အူဒီးနီးစ်ခံစစ်ကြောင်းဟာ မလုံခြုံသလို၊ တိုက်စစ်မှာလည်း ပုံမှန်ဂိုးသွင်းပေးမယ့် အထောင်တိုက်စစ်မှူးမရှိဘူး။ အရင်ရာသီတွေလို အိမ်ကွင်းတိုက်ပွဲဝင်စိတ်ဓာတ် ပြင်းထန်မနေတာကိုလည်း သတိထားရမယ်။ နာပိုလီက အန်ဆယ်လော့တီရဲ့ နည်းဗျူဟာတွေနဲ့ တဖြည်းဖြည်းအသားကျလာပေမယ့် ဂိုးရဖို့ ရုန်းကန်နေရသလိုပဲ။ ဒီပွဲပြီးရင် PSG နဲ့ချန်ပီယံလိဂ်အမှတ်လုပွဲရှိနေလို့ နာပိုလီ အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

 

 

 

 

Most Read

Most Recent