ဘိုင်ယန်နည်းပြ နီကိုကိုဗက်နေရာတွင် အာစင်ဝင်းဂါးဖြင့် အစားထိုးမည်ဟု သတင်းထွက်

ဘိုင်ယန်နည်းပြ နီကိုကိုဗက်နေရာတွင် အာစင်ဝင်းဂါးဖြင့် အစားထိုးမည်ဟု သတင်းထွက်
Published 20 October 2018

ဘိုင်ယန်မြူးနစ်အသင်းသည် နိုင်ပွဲပျောက်ဆုံးမှု ကြောင့် ဖိအားများရင်ဆိုင်နေရသည့် နည်းပြ နီကိုကိုဗက် နေရာတွင် ၀ါရင့်နည်းပြ အာစင်ဝင်းဂါးဖြင့် အစားထိုးရန် စီစဉ်နေကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

နီကိုကိုဗက် (၄၇ နှစ်) သည် ယခုရာသီတွင် ဘိုင်ယန် မြူးနစ်အသင်းနည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး ရာသီ အစ ခုနစ်ပွဲဆက်တိုက် နိုင်ပွဲရရှိစေရန် စွမ်းဆောင်ပေးခဲ့ သည်။ သို့သော် နောက်ဆုံးလေးပွဲဆက်တိုက် (လိဂ်ပွဲသုံးပွဲ နှင့် ချန်ပီယံလိဂ်တစ်ပွဲ) နိုင်ပွဲပျောက်ဆုံးနေပြီး နိုင်ငံ တကာရက်သတ္တပတ်မတိုင်မီ မိုချန်ဂလာဘတ်အသင်း အား အိမ်ကွင်း၌ သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

သို့ဖြစ်ရာ ဘိုင် ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်ပြင်ပ အဆင့် (၆) နေရာအထိရောက်ရှိသွားပြီး ထိပ်ဆုံးမှ ဒေါ့မွန်အသင်း နှင့် လေးမှတ်ကွာဟနေသောကြောင့် နီကိုကိုဗက်နေရာ တွင် အာစင်ဝင်းဂါးဖြင့် အစားထိုးရန် စီစဉ်နေခြင်းဖြစ် ကြောင်း သိရသည်။

အာစင်ဝင်းဂါးကလည်း ဇန်နဝါရီတွင် နည်းပြလောကသို့ ပြန်လည်ဝင်ရောက်မည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားထားသည်။ ထို့ပြင် ဘိုင်ယန်မြူးနစ် အသင်းသည် အောက်တိုဘာ ၁၉ ရက်တွင် အရေးပေါ်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲတွင်မူ ဘိုင်ယန်အသင်းတာဝန်ရှိသူများက ကိုဗက်၏ရာထူးအတွက် အာမခံချက်ပေးခဲ့သည်။

ယင်းအခမ်းအနားသို့ ဘိုင်ယန်မြူးနစ်အသင်းမှ ဥက္ကဋ္ဌ အူလီဟိုးနက်စ်၊ အမှုဆောင်ချုပ် ရူမင်နစ်ဂီ၊ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရူမင်နစ်ကီက ကိုဗက်၏နေရာတွင် အာစင်ဝင်းဂါးနှင့် အစားထိုးဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီး မီဒီယာများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

Most Read

Most Recent