ဆွာရက်ဇ်နေရာတွင် ဖေမီနိုနှင့် အစားထိုးရန် ဘာစီလိုနာအသင်းစီစဉ်နေ

ဆွာရက်ဇ်နေရာတွင် ဖေမီနိုနှင့် အစားထိုးရန် ဘာစီလိုနာအသင်းစီစဉ်နေ
Published 17 October 2018

 

ဘာစီလိုနာအသင်းသည် အသင်း၏တိုက်စစ်မှူးဆွာရက်ဇ်နေရာတွင် လီဗာပူးလ်တိုက်စစ်မှူး ဖေမီနိုနှင့် အစားထိုးရန် စီစဉ်နေကြောင်း သိရသည်။

အသက် (၃၁) နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် ယခုရာသီ၌ ခြေစွမ်းကျဆင်းနေပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၁)ပွဲတွင် (၃) ဂိုးသာသွင်းယူထားနိုင်ခဲ့သည်။

ထို့ကြောင့် ဘာစီလိုနာအသင်းသည် အသက်ရလာပြီး ခြေစွမ်းကျလာသည့် ဆွာရက်ဇ်၏နေရာတွင် ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနို (၂၇ နှစ်) နှင့် အစားထိုးရန်စီစဉ်လာခြင်းလည်းဖြစ်သည်။

စပိန်သတင်းစာ Okdiario ၏ဘောလုံးကျွမ်းကျင်သူ အက်ဒွါဒိုအင်ဒါ၏ ပြောကြားချက်အရ ဘာစီလိုနာအသင်းသည် ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုအား ခေါ်ယူခဲ့သည့်အတိုင်း ဖေမီနိုကို ခေါ်ယူရန် ကြိုးစားနေကြောင်း သိရသည်။

အင်ဒါက ” လီဗာပူးလ်တိုက်စစ်သမား ဖေမီနိုကို ဘာစီလိုနာကလည်း လိုချင်နေပါတယ်။ လူးဝစ်ဇ်ဆွာရက်ဇ်ဟာ ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ တဖြည်းဖြည်းနဲ့ ခြေစွမ်းကျဆင်းနေပါတယ်။ ဘာစီလိုနာအနေနဲ့ သူ့နေရာမှာ အစားထိုးဖို့ လီဗာပူးလ်အသင်းကနေ ကော်တင်ဟိုကို ခေါ်ယူခဲ့သလိုမျိုး ဖေမီနိုကိုလည်း ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ ကျွန်တော့်အထင်ပြောရရင်တော့ ဖေမီနိုကို ဇန်နဝါရီမှာ ဘာစီလိုနာအနေနဲ့ ခေါ်ယူနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ နောက်နှစ်နွေရာသီမှာဆိုရင်တော့ ဘာစီလိုနာအသင်း ဖေမီနိုကို ခေါ်ယူနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟုပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် နောက်ပိုင်းနှင်များတွင် လီဗာပူးလ်အသင်း၏ အကောင်းဆုံးကစားသမားများကို ရွေးချယ်ခေါ်ယူလေ့ရှိပြီး ဆွာရက်ဇ်နှင့် ကော်တင်ဟိုတို့ကို ပြောင်းရွှေ့ကြေးမြောက်များစွာဖြင့် ခေါ်ယူခဲ့သည်။

ထို့အပြင်ဘာစီလိုနာအသင်းသည် လက်ရှိလီဗာပူးလ်အသင်း၏ ကစားသမားများဖြစ်သည့် ဆာလာ၊ မာနေတို့ကိုလည်း ခေါ်ယူရန်စိတ်ဝင်စားနေသည်ဟု ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက သတင်းများထွက်ခဲ့ဖူးသည်။

Most Read

Most Recent